
ကြိုးမဲ့ရောကြိုးနဲ့ပါ ချိတ်ဆက်ပြီး ဂိမ်းကစားနိုင်တဲ့ Razer ရဲ့ RAIJU Tournament Gaming Wireless Controller ဖြစ်ပါတယ်။ PS4 ကဲ့သို့ ဂိမ်းစက်များ အပြင် Laptop, PC များသာမက Android OS သုံး, iOS သုံး စမတ်ဖုန်း Tablet တွေနဲ့ပါ ချိတ်ဆက် ကစားနိုင်မှာပါ။ Multi-function ခလုတ်တွေကို remapping မှ sensitivity clutch options ကိုချိန်ညှိနိုင်နိုင်ပါတယ်။ Mecha-Tactile Action Buttons များမှာ ပျော့ပျောင်းလွယ်ကူသော ထိတွေ့မှုရှိပြီး တုံ့ပြန်အား ကောင်းမွန်ပါတယ်။ Multi-function ခလုတ် ၄ ခု နဲ့ Hair Trigger Mode တို့နဲ့ ဖွဲ့စည်းထားပါတယ်။ အဆင့်မြင့် ဂိမ်းကစားခြင်းအတွက် အပို ခလုတ်တွေလည်း ပါဝင်ပါတယ်။ Bluetooth စနစ်ပါဝင်ပြီး Li-Po Battery ထောက်ပံ့ထားကာ တစ်ခါအားသွင်းထားရင် ၁၉ နာရီ ဆက်တိုက် ကစားနိုင်မှာဖြစ်ပါတယ်။ ကြိုးနဲ့ ချိတ်ဆက်ကစားနိုင်မယ့် Micro-USB connector ပါဝင်ပါတယ်။ Laptop , PC အနေနဲ့ Window 7 နဲ့အထက် iOS မှာ 9.0 နဲ့အထက် Android OS မှာ 6.0 နဲ့အထက်တွေမှာ ချိတ်ဆက်ကစားနိုင်သလို PS4 မှာပါ ချိတ်ဆက်ကစားနိုင်ပါတယ်။
တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၆၉ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Razer Myanmar က တရားဝင် တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ IT ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်ပါတယ်။
-ကျော်ဇေယျ
»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««