Razer Pokemon-Pikachu Edition True Wireless Earbuds

ဂိမ်းကစားရင်း၊ သီချင်းနားထောင်ရင်း အသုံးပြုနိုင်မယ့် Razer Pokemon-Pikachu Edition True Wireless Earbuds ဖြစ်ပါတယ်။ Water Resistant IPX4 ဖြစ်တဲ့အတွက် ချွေးလုံ ဖုန်လုံတာကြောင့် ခပ်ကြမ်းကြမ်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Driver Size အနေနဲ့ 13mm ဖြစ်ပြီး Bass သံကို ကောင်းမွန်စွာ ခံစားရမှာ ဖြစ်ပါတယ်။ အသံထွက်အနေနဲ့ Input power က 8 mW အထိ ရရှိမှာ ဖြစ်ပါတယ်။ Frequency Response- 20 Hz – 20 kHz ရရှိပြီး Sensitivity- 91 ± 3 dB (1 kHz) ရရှိမှာဖြစ်ပါတယ် ။ Lightning -Quick Connection ထောက်ပံ့ပေးထားတဲ့ အတွက် extremely low 60ms input latency ဖြစ်သွားပြီး ချိတ်ဆက်မှု အရမ်းမြန်သလို အသံထွက်နောက်ကျခြင်း၊ ထစ်ငေ့ါခြင်း လုံးဝ မဖြစ်တော့ဘူးလို့ သိရပါတယ်။ ၁.၅ နာရီအကြာ အားသွင်းရုံနဲ့ Ear buds က လေးနာရီဆက်တိုက် အသုံးပြုနိုင်သလို Charger Case အနေနဲ့ တွဲဖက်သုံးရင် ၁၂ နာရီအထိ သုံးနိုင်မှာ ဖြစ်ပါတယ်။ Charger Case မှာ 275mAh rechargeable Li-Po battery ထောက်ပံ့ပေးထားပါတယ်။ Touch Control ဖြစ်တဲ့အတွက် ထိတွေ့စေခိုင်းနိုင်ပြီး Music Controls မှာ Play, pause, skip, previous , Call Controls မှာ Answer, reject, switch, end , General ပိုင်းမှာ Pair, power, activate smartphone virtual assistant စတာတွေကို စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။ ချိတ်ဆက်မှုကတော့ Bluetooth စနစ်ဖြစ်ပြီး Android မှာ 8.0 Oreo နဲ့ အထက်၊ iOS မှာ 11 အထက် ရှိတဲ့ စမတ်ဖုန်း Tablet တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ အရွယ်အစားက 3.94 x 3.94 x 3.94 လက်မရှိပြီး အလေးချိန် ၁.၅၉ အောင်စ လေးပါတယ်။

အမေရိကန်ဒေါ်လာ ၁၆၄ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာပါ။ Razer Myanmar က တရားဝင် တင်သွင်းပြီး မြန်မာပြည်အရပ်ရပ်ရှိ IT အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««