
ဈေးနှုန်း – (ကန်ဒေါ်လာ ၄၉၉ နှင့်ညီမျှသော မြန်မာကျပ်ငွေ)
အားသာချက်
ကြည်လင်ပြတ်သားပြီး တောက်ပမှုအပြည့်ရှိတဲ့ 120Hz screen က ဂိမ်းကစားဖို့အတွက် အထူးကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်သလို ပတ်လည်အသံထွက်ပိုင်းလည်း ကျေနပ်စရာကောင်းပါတယ်။ ဖုန်းကိုယ် ထည် ပူနွေးမှုမရှိစေတဲ့ Cooling စနစ်၊ ရေစိုခံနိုင်မှု၊ ကြိုးမဲ့အားသွင်စနစ်တွေနဲ့ microSD ကနေ 2TB ထိ တိုးမြှင့် သုံးနိုင်မှာလည်း ဖြစ်ပါတယ်။
အားနည်းချက်
ကင်မရာရဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ Mid-range ကင်မရာသာသာပဲရှိပြီး 16:9 aspect ratio က ခေတ်နောက်ကျတယ်လို့ ခံစားရပါတယ်။ 64GB သိုလှောင်မှုက သူ့ရဲ့ ပေးရတဲ့ ဈေးနဲ့နှိုင်းယဉ်မယ်ဆို ရင်တော့ နည်းတယ်လို့ ဆိုရမှာပါ။ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကလည်း တစ်နေ့တာအတွက် လုံလောက်မှုရှိတယ်ဆိုရုံလေးက ဒီဖုန်းရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။
စွမ်းဆောင်ရည်
ဒီဖုန်းမှာ အမြန်နှုန်း 2.8 GHz ရှိတဲ့ 10mm အမျိုးအစား Qualcomm SDM845 Snapdragon 845 CPU ကို အသုံးပြုထားပြီး RAM အနေနဲ့ 8GB နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB ပါဝင်ပါတယ်။ Android 8.1 အခြေခံထားတဲ့ Nova Launcher ကို အသုံးပြုထားပြီး UI က သုံးစွဲသူတွေအတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ကို အဆင်ပြေပြေ အသုံးပြုနိုင်အောင် ဖန်တီးထားတာဖြစ်သလို ဂိမ်း ကစားမှုအတွက် အထူးလုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားပါတယ်။ ဖုန်းမှာ ဂိမ်းနဲ့ ပတ်သက်တဲ့ App သုံးခု ထည့်သွင်းပေးထားပြီး ဖုန်းကျောဘက်က RGB Razer လိုဂိုကို ထိန်းချုပ်နိုင်မယ့် Chroma လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Geekbench ရဲ့ multi-core score ရမှတ် ၈,၈၉၈ က မြင့်မားလှတဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်။ Monster Hunter, Injustice 2, Shadowgun-Legends, Skull Girls, Unkilled, PUBG, Fortnite စတဲ့ ဂိမ်းတွေအစုံ ဆော့ပြီးတာတောင် ဖုန်းရဲ့ ကိုယ်ထည်က ပူနွေးမှုမရှိသလို ဖုန်းအသုံးပြုရတာကလည်း ပံမှန်အတိုင်း ကောင်းမွန်မှုရှိပါတယ်။
ဒီဇိုင်းနဲ့မျက်နှာပြင်
ကိုယ်ထည်တည်ဆောက်ထားမှုက ကျစ်ကျစ်လျစ်လျစ်ရှိပြီး လက်တစ်ဖက်တည်း အဆင်ပြေစွာ ကိုင်တွယ်အသုံးပြုနိုင်ပါတယ်။ ကျောဘက်မှာ မီးလင်းနေတဲ့ Razer လိုဂိုကို ကျောဘက်ကင်မရာ အောက် နားမှာ ထည့်သွင်းထားပြီး ဖုန်းရဲ့ ကျောဘက်အပြည့် Gorilla Glass 5 ဖန်သားနဲ့ ဖုန်းအုပ်ထားတာ ဖြစ်ပါတယ်။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်ကို တပ်ဆင်ထားပြီး လက်ဗွေစနစ်ကို ပါဝါ စနစ်ကို ပါဝါခလုတ်ထဲမှာပဲ ထည့်သွင်းထားပါတယ်။ အသံအတိုး အကျယ်ခလုတ်ကို ဘယ်ဘက်ဘောင်ထဲမှာ ထည့်သွင်းထားပါတယ်။ အလေးချိန်ကတော့ ၂၂၀ ဂရမ်းရှိပါတယ်။
၅.၇၂ လက်မရှိတဲ့ မျက်နှာပြင်က IGZO IPS LCD Display က 1440×2560 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုရာခိုင်နှုန်းကတော့ ၇၂ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 16:9 ရှိပါတယ်။
ကင်မရာ
ကျောဘက်မှာ aperture f/1.75 ရှိတဲ့ 12MP Wide ကင်မရာနဲ့ aperture f/2.6 ရှိတဲ့ 12MP telephoto ကင်မရာ နှစ်လုံးတပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ aperture f/2.0 ရှိတဲ့ 8MP ကင်မ ရာအမျိုးအစား ဖြစ်ပါတယ်။ ကင်မရာအတွက် PDAF, OIS စနစ်ထောက်ပံ့ပါဝင်ပြီး Indoor နဲ့ Outdoor ပုံတွေကို ရုပ်ထွက် ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်သလို ဗီဒီယိုပိုင်းမှာတော့ 30/60fps ဗီဒီ ယိုတွေကို 2160p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
ဘက်ထရီ
Razer မှာ Li-Ion 400mAh ပမာဏ ဘက်ထရီကို ထည့်သွင်းပေးထားတဲ့အတွက် အခြား Flagship ဖုန်းတွေလိုပဲ ပုံမှန်တစ်နေ့တာ အသုံးပြုမှုအတွက် လုံလောက်မှုရှိတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါပေမဲ့ Screen ရဲ့ တောက်ပမှု အမြင့်ဆုံးနဲ့ ဗီဒီယိုကြည့်တာ မိနစ် ၉၀ ခန့်မှာ ဘက်ထရီက ၇၀ ရာခိုင်နှုန်းထိ ကျသွားပါတယ်။ OnePlus 6T ဆိုရင်တော့ ဒီလိုမျိုးစမ်းသပ်မှုမှာ ဘက်ထရီက ၉၀ ရာခိုင်နှုန်းလောက်ထိ ကျန်ပါသေးတယ်။ မိမိရဲ့ အသုံးပြုမှုပေါ်မူတည်ပြီး ဘက်ထရီရဲ့ အသုံးပြုနိုင်မှုကတော့ ကွာခြားသွားမှာဖြစ်ပေမယ့် Qi ကြိုးမဲ့အားသွင်းစနစ်နဲ့ ဖန်စီအားသွင်းခေါင်း dock တွေက ဒီဖုန်းရဲ့ ဆွဲဆောင်မှုရှိတဲ့အ ချက်တွေထဲက အချက်တစ်ချက် ဖြစ်ပါတယ်။
သုံးသပ်ချက်
Razer 2 က ဂိမ်းကစားဖို့အတွက် အထူးကောင်းမွန်တဲ့ ဖုန်းဖြစ်တာက ငြင်းမရတဲ့အချက်ဖြစ်ပြီး မြင့်မားတဲ့စွမ်းဆောင်ရည်၊ 120Hz screen ၊ စတူဒီယိုစပီကာ စတဲ့ သုံးစွဲသူကျေနပ်စေမယ့် လုပ်ဆောင် ချက်တွေ အပြည့်ပါဝင်တဲ့အပြင် ကြိုးမဲ့အားသွင်းစနစ်နဲ့ ရေစိုခံတာတွေက ဂိမ်းကစားသူတွေ အကြိုက်ဖြစ်စေမှာပါ။ ဖုန်းရဲ့ သိုလှောင်မှုနည်းတာက SD ကတ်စိုက်ပြီး သုံးမယ်ဆိုရင် အဆင်ပြေမှာဖြစ်သလို ဖုန်းရဲ့ ဘက်ထရီက ဈေးနှုန်းသိပ်မကွာတဲ့ ပြိုင်ဘက်မော်ဒယ်တွေလောက် မသုံးနိုင်တာတွေက ပြဿနာ မရှိလောက်ဘူး ဆိုရင်တော့ သူ့ရဲ့ ဆွဲမက်ဖွယ်ဒီဇိုင်းနဲ့ တခြားလုပ်ဆောင်ချက်တွေအရ ဖုန်းကို ဖုန်းပြောရုံမဟုတ်ဘဲ မာတီမီဒီယာ ထုတ်ကုန်တစ်ခု အနေနဲ့ အသုံးပြုချင်သူတွေ၊ ဖုန်းနဲ့ ဂိမ်းကစားရတာကို နှစ်သက်သူတွေအတွက်ကတော့ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။
GSM | LTE |
SIM | Nano-SIM |
Display | IGZO IPS LCD capacitive touchscreen, 5.72 inches (16:9 ratio) |
OS | Android 8.1 (Oreo), upgrade to Android 9.0 (Pie) |
CPU | Qualcomm SDM845 Snapdragon 845 (10 nm) |
GPU | Adreno 630 |
Camera | 12 MP(f/1.8) wide + 12MP (f/2.6) telephoto, PDAF, OIS, Dual-LED dual-tone flash, HDR; Front 8MP (f/2.0) |
Internal | 64 GB; RAM 8 GB, microSD, up to 1 TB |
Battery | Li-Po 4000 mAh |
Others | Wi-Fi 802.11 b/g/n/ac/ax, Bluetooth 5.0, Fingerprint (side-mounted) 18W Fash Battery Charging, 15W Qi wireless charging, IP67 dust/water resistant |
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand On | ![]() |
Over All | ![]() |
-ရဲထွဋ်ဝင်း