
Razer ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Razer Opus ဖြစ်ပါတယ်။ နားကြပ်ကို အရမ်းလေးတာမကြိုက်ဘူး ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာရှိတာကို ကြိုက်တဲ့သူတွေအတွက် သီးသန့်ဖန်တီးပေးထားတဲ့ ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။THX Certificate ရရှိထားပြီး ရုပ်ရှင်ရုံထဲ ရောက်သွားသလို ပတ်ပတ်လည် အသံတွေကို ခံစားရမယ့် Surrounding System ထောက်ပံ့ပေးထားပါတယ်။
Microphone Frequency Response အနေနဲ့ 100 Hz – 10 kHZ ရှိပါတယ်။ Driver အရွယ်အစား 40mm Diameters ရှိပြီး Noise Canceling လည်းပါတာမို့ ပတ်၀န်းကျင်က ဆူညံသံတွေကို ကောင်းမွန်စွာ ဖယ်ရှားနိုင်မှာပါ။
QUICK ATTENTION MODE, AUTO PAUSE/AUTO PLAY စတဲ့ စနစ်တွေနဲ့ ချိန်ညှိဖို့အတွက် ခလုတ်ငါးခုကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Wireless အနေနဲ့လည်း သုံးလိုရတဲ့အပြင် 3.5 mm jack လည်း ပါ၀င်တဲ့အတွက် ဖုန်းတွေမှာပါ သုံးလို့ရမယ့် Headset လည်းဖြစ်ပါတယ်။ Razer Opus က Midnight blue နဲ့ Black ဆိုပြီး အရောင် နှစ်မျိုးနဲ့ ၀င်ရောက်တဲ့အတွက် နှစ်သက်ရာအရောင်ကို ရွေးချယ်နိုင်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၁၅ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Razer Myanmar က တရား၀င် တင်သွင်းတာဖြစ်ပြီး အမြို့မြို့ အနယ်နယ်ရှိ IT ပစ္စည်းအရောင်း ဆိုင်ကြီး တွေမှာ ၀ယ်ယူနိုင်ပါတယ်။
-ကျော်ဇေယျ
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««