
Razer ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Razer ရဲ့ Hammerhead True Wireless Earbuds ဖြစ်ပါတယ်။ နားမှာတပ်ထားရင် တပ်ထားမှန်းမသိအောင် Comfortable ဖြစ်တဲ့ Design နဲ့တည်ဆောက်ထားပြီး Outdoor Workout တွေ Outdoor Activities တွေလုပ်တဲ့အချိန်မှာတောင် Base သံ နဲ့ Favorite Song တွေနားထောင်နိုင်မှာ ဖြစ်ပါတယ်။ WATER-RESISTANT IPX4 DESIGN ဖြစ်တဲ့အတွက် ရေစို ချွေးဆိုခံနိုင်ရည် ရှိပါတယ်။ Microphone Frequency Response အေနနဲ့ 20 Hz – 20 KHz ရှိပါတယ်။ Headphone Impedance က 32 Ohm (1 kHz) ဖြစ်ပြီး Headphone Input Power က 8 mW ဖြစ်ပါတယ်။ Driver Size က 13mm အရွယ်အစားပါ။ BT 5.0 ထောက်ပံ့ပေးထားပြီး 10m/30 ft အတွင်း Connect လုပ်လို့ရတဲ့ Bluetooth wireless range တစ်ခါချိတ်ပြီးတာနဲ့ Auto Connect တန်းလုပ်နိုင်တဲ့ စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Battery ကလည်း ဆက်တိုက်အသုံးပြုမှုအတွက် ၄ နာရီအထိခံသလို additional charging case ကလည်း ၁၂ နာရီအထိခံမှာ ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှု၊ ပြောဆိုမှု၊ သီချင်းကျော်ခြင်း/ ရပ်ခြင်း/ ပိတ်ခြင်း စတဲ့ ထိန်းကျောင်းမှုတွေကိုလည်း လက်တစ်ဖက်တည်းနဲ့ ထိတွေ့ စေခိုင်းနိုင်မှာဖြစ်ပါတယ်။
အမေရိကန် ဒေါ်လာ ၁၁၄ နဲ့ ညီမျှတဲ့ မြန်မာငွေနဲ့ ရောင်းချပေးမှာဖြစ်ပြီး Razer Myanmar က တရားဝင်တင်သွင်းတာ ဖြစ်ပါတယ်။ အမြို့မြို့ အနယ်နယ်ရှိ IT ဆိုင်ကြီးတွေမှာ ဝယ်ယူနိုင်ပါတယ်။
-ကျော်ဇေယျ
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««