Razer Hammerhead True Wireless – Earbud

Outdoor Workout တွေ Outdoor Activities တွေလုပ်တတ်တဲ့သူတွေအတွက် ပိုပြီး အဆင်ပြေစေတဲ့ Razer Hammerhead True Wireless – Earbud ဖြစ်ပါတယ်။ Water-resistant IPX4 design ဖြစ်တဲ့အတွက် ဖုန်လုံ၊ ရေလုံသလို ချွေးလဲ လုံမှာ ဖြစ်ပါတယ်။ BT 5.0 & Auto-Paring စနစ်ထောက်ပံ့ပေးထားတဲ့အတွက် Bluetooth wireless range 10m/30 ft အတွင်း ချိတ်ဆက် အသုံးပြုနိုင်တဲ့အပြင် တစ်ခါချိတ်ပြီးထားတာနဲ့ အသုံးပြုတဲ့အခါ အလိုအလျောက် ချိတ်ဆက်နေမှာဖြစ်ပါတယ်။ Touch controls အနေနဲ့ Music Controls အပိုင်းမှာ Play, pause, skip, previous တွေ ၊ Call Controls ပိုင်းမှာ Answer, reject, switch, end နဲ့ အထွေထွေစေခိုင်းချက်တွေမှာ Pair, power, activate smartphone virtual assistant စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ 275mAh rechargeable Li-Po battery ဘက်ထရီ ထောက်ပံ့ထားတဲ့အတွက် လေးနာရီ ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပြီး additional charging case ကလည်း ၁၂ နာရီအထိခံနိုင်မှာ ဖြစ်ပါတယ်။ Android OS 8.0 Oreo နဲ့ iOS 11 အထက်ရှိတဲ့ စမတ်ဖုန်း Tablet တွေမှာ အသုံးပြုနိုင်မှာဖြစ်စ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၁၄ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပြီး Razer Myanmar က တရားဝင်တင်သွင်းတာ ဖြစ်ပါတယ်။ အမြို့မြို့ အနယ်နယ်ရှိ IT အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««