Razer Book 13

ဈေးနှုန်း– ကန်ဒေါ်လာ ၁၅၉၉

အားသာချက်

မြင့်မားကောင်းမွန်တဲ့ Laptop overall စွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်၊ စုံလင်တဲ့ port ၊ တောက်ပပြီး အရောင်အသွေး မြင့်မားကောင်းမွန်တဲ့ Display နဲ့ အသုံးပြုရတာ ကောင်းမွန်ကာ ဆွဲဆောင်မှုရှိတဲ့ ကီးဘုတ်စနစ်တွေ ပါဝင်လာတာက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

သတ္တုကိုယ်ထည်က ၁၅ မိနစ်ခန့် Fullscreen ဗီဒီယိုကြည့်ရင် အနည်းငယ် ပူနွေးတာနဲ့ ဖိုင်ကူးပြောင်း ထည့်သွင်းရတာ အနည်းငယ် နှေးတယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

ကန်ဒေါ်လာ ၁၅၉၉ တန် Razer Book 13 က စတိုင်ကျတဲ့ သတ္တုကိုယ်ထည်ဒီဇိုင်းနဲ့ Intel ရဲ့ နောက်ဆုံးထွက် Tiger Lake processor နဲ့ Iris Xe ဂရပ်ဖစ်စနစ်တွေ ထောက်ပံ့ပါဝင်လာသလို Touchscreen Display ကလည်း တောက်ပမှု ရှိပြီး ရုပ်ထွက်ပိုင်းကလည်း ကျေနပ်စရာကောင်းလှပါတယ်။ သတ္တုကိုယ်ထည်ရဲ့ အပေါ်ပိုင်းက ပျှမ်းမျှနှုန်းလောက်သာ ပူနွေးမှုရှိပေမယ့် အောက်ဘက်ပိုင်းက သိသိသာသာလေး ပူနွေးတာ၊ ဖိုင်ကူးပြောင်းမှုပိုင်း အတွက် သူ့မှာ သုံးထားတဲ့ SSD က အနည်းငယ် နှေးတယ်လို့ ခံစားရတာနဲ့ ကိုယ်ထည်က ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင် လေးတာတွေက လွဲရင် သင့်အနေနဲ့ CPU, GPU နဲ့ အသံထွက်ပိုင်း စတဲ့ အလုံးစုံ စွမ်းဆောင်ရည် မြင့်မားပြီး ဘက်ထရီနဲ့ အချိန်ကြာကြာသုံးနိုင်တဲ့ Laptop ကို သုံးချင်ရင်တော့ Razer Book 13 က ထိပ်တန်းရွေးချယ်သင့်တဲ့ Laptop တစ်လုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Razer Book 13 ရဲ့ ၁၃.၄ လက်မရှိတဲ့ 60Hz Touchscreen Display က ရုပ်ထွက်အရည်အသွေး 1920x1200p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ Intel Core i7-1165G7 Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel Iris Xe GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB SSD တွေ ပါဝင်ပါတယ်။ Geekbench 5.0 Overall စွမ်းဆောင်ရည်ရမှတ် ၅၄၆၀ ရှိပြီး ဒီရမှတ်က ၄၁၀၄ ပရီမီယံ Laptop တစ်လုံးပျှမ်းမျှရမှတ်ထက် ပိုတယ်လို့ ဆိုရမှာဖြစ်သလို ၅၀၈၄ ရမှတ်ရှိတဲ့ ZenBook 13 နဲ့ ၅၂၅၄ ရမှတ်ရှိတဲ့ XPS 13 ထက်ပိုများတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ၅၈၈၂ ရမှတ်ရှိတဲ့ Apple MacBook Pro ကိုတော့ မမီသေးဘူးလို့ ဆိုရမှာပါ။ ဒီ Laptop မှာ ပါဝင်လာတဲ့ စပီကာလေးလုံးရဲ့ အသံထွက်က အိမ်တွင်းပါတီလုပ်နိုင်လောက်အောင်ကို ကောင်းမွန်မှုရှိသလို စပီကာ THX Studio နဲ့ THX Spatial ဆော့ဖ်ဝဲနည်းပညာတွေလည်း ထောက်ပံ့ပါဝင်တာက ၃၆၀ ဒီဂရီ ပတ်လည်အသံထွက်နဲ့ နားထောင်နိုင်စေမှာ ဖြစ်ပါတယ်။ 720p webcam ကင်မရာကလည်း အဆင်ပြေကောင်းမွန်မှုရှိတယ်လို့ ဆိုရမှာပါ။ Chiclet-style ကီးဘုတ်ပေါ်က လှပပြီး ဆွဲဆောင်မှုရှိသလို ၄.၄x၂.၇ လက်မရှိတဲ့ ကြီးမားသော glass Trackpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Windows 10 guestures စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop ရဲ့ ဘယ်ဘက်ဘောင်ထဲမှာ Thunderbolt 4 ပေါက်၊ USB 3.2 (Gen.1) ပေါက်နဲ့ နားကြပ်ပေါက် ပါဝင်ပြီး ညာဘက်ဘောင်ထဲမှာ HDMI ပေါက်၊ Thumderbolt 4 ပေါက်နဲ့ microSD ကတ်ပေါက်တွေ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ လက်ဗွေလုံခြုံရေးစနစ်ကလည်း မြန်ဆန်ကောင်းမွန်မှု ရှိပါတယ်။

Razer Book 13 ကို မြင်ကွင်းတောက်ပမှု150 nits နဲ့WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၁ နာရီနဲ့ ၄၄ မိနစ်ခန့် အသုံးပြုနိုင်တာက စိတ်တိုင်းကျစရာပါ။ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် (၃.၁ ပေါင်) ရှိတာက ၂.၅ ပေါင်ရှိတဲ့ Asus ZenBook 13 UX325EA ၊ ၂.၈ ပေါင်ရှိတဲ့ Dell XPS 13 နဲ့ Apple MacBook Pro M1 စတဲ့ ပြိုင်ဘက်မော်ဒယ်တွေထက်တော့ ပိုလေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««