Razer Blade Stealth (2018)

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁,၅၉၉

အားသာခ်က္

ပါးလႊာၿပီး ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ဒီဇုိင္းနဲ႔ထုတ္လုပ္ထားသလို overall စြမ္းေဆာင္ရည္ပိုင္းနဲ႔ ဂရပ္ဖစ္ပိုင္းကလည္း အထူးပဲ ျမင့္မားေကာင္းမြန္မႈ ရွိတယ္လို႔ဆိုရမွာပါ။ အသံထြက္ပိုင္းလည္း ျပည့္ဝေကာင္းမြန္သလို ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

Keyboard စနစ္က ႐ိုက္ရတာ သက္ေသာင့္သက္သာ ရွိလွေပမယ့္ Backspace, Enter နဲ႔ ညာဘက္ Shift ခလုတ္ေတြကို အရြယ္အစားပုံမွန္ထက္ ေသးထားတာက အသုံးျပဳရတာပုံမွန္ထက္ အနည္းငယ္လက္ဝင္တယ္လို႔ ခံစားရပါတယ္။ ေနာက္တစ္ခုကေတာ့ စြမ္းေဆာင္ရည္ျမင့္မားတဲ့ အလူမီနီယံကိုယ္ထည္ Laptop ေတြမွာ ႀကဳံေတြ႔ရေလ့ရွိတဲ့ အသုံးျပဳတဲ့အခ်ိန္ၾကာျမင့္မႈ ေပၚမူတည္ၿပီး Laptop ကိုယ္ထည္ ပူေႏြးလာမႈက သတိျပဳစရာပါ။

သုံးသပ္ခ်က္

Razer Blade Stealth က လုပ္ငန္းသုံးပဲျဖစ္ျဖစ္၊ ဂိမ္းကစားဖို႔ပဲျဖစ္ျဖစ္ စြယ္စုံသုံးႏုိင္တဲ့ စြမ္းေဆာင္ရည္ျမင့္ Ultrabook ပဲ ျဖစ္ပါတယ္။ Intel ရဲ႕ Whiskey Lake chip processor အသစ္ကို သုံးထားတဲ့အတြက္ သူ႔အရင္ထြက္ခဲ့တဲ့ Razer Blade ထက္ပိုၿပီး ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြကို ပိုင္ဆုိင္ထားတဲ့အျပင္ ဂရပ္ဖစ္ပိုင္းလည္း mainstream PC ဂိမ္းေတြကို
ေကာင္းေကာင္း ကစားႏုိင္တာက သေဘာက်စရာပါ။ ေနာက္တစ္ခုက သြားေလရာ ယူသြားႏုိင္ ေလာက္ေအာင္ ေပါ့ပါးမႈရွိတာနဲ႔ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက ဒီ Laptop ကို multimedia ပိုင္းပဲသုံးသုံး၊ ဂိမ္းပဲေဆာ့ေဆာ့ အဆင္ေျပလွပါတယ္။ ေနာက္ဆုံးအေနနဲ႔ သုံးသပ္ရမယ္ဆိုရင္ေတာ့ေပးရတဲ့ တန္ဖိုးနဲ႔ စိတ္ေက်နပ္ရမႈ အျပည့္ရွိေစမယ့္ Ultraportable Laptop ကို ၀ယ္ယူမယ္ဆိုရင္ေတာ့ ပရီမီယံအရည္အေသြးရွိတဲ့ Razer BladeStealth (2018) က ထိပ္ဆုံးကေနစဥ္းစားသင့္တဲ့ Laptop တစ္လုံးပဲျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၃.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel အထိ ေထာက္ပံ့ေပးႏိုင္ပါတယ္။ Intel Core i7-8565U Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ Nvidia GeForce MX150 (25W) 4GB GDDR5 ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 16 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256 GB PCIe SSD ကို အသုံးျပဳထားပါတယ္။ 720p Webcam ကေတာ့ ဓာတ္ပုံေတြကို အရည္အေသြးေကာင္းေကာင္းနဲ႔ ႐ိုက္ကူးႏုိင္ၿပီး ၄.၃ x ၂.၈ လက္မ အရြယ္အစား Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈ ေကာင္းမြန္သလို က်ယ္ဝန္းမႈရွိပါတယ္။ Wi-Fi 802.11ac, Bluetotoh 5.0 စနစ္ေတြ ေထာက္ပံ့ပါဝင္ၿပီး Thunderbolt 3 ေပါက္၊ USB 3.1 ေပါက္နဲ႔ USB ေပါက္ေတြပါဝင္ပါတယ္။

ျမင္ကြင္းေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၈ နာရီနဲ႔ ၅ မိနစ္ဝန္း က်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၃ ကီလိုဂရမ္ (၂.၈ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁,၅၉၉

အားသာချက်

ပါးလွှာပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းနဲ့ထုတ်လုပ်ထားသလို overall စွမ်းဆောင်ရည်ပိုင်းနဲ့ ဂရပ်ဖစ်ပိုင်းကလည်း အထူးပဲ မြင့်မားကောင်းမွန်မှု ရှိတယ်လို့ဆိုရမှာပါ။ အသံထွက်ပိုင်းလည်း ပြည့်ဝကောင်းမွန်သလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

Keyboard စနစ်က ရိုက်ရတာ သက်သောင့်သက်သာ ရှိလှပေမယ့် Backspace, Enter နဲ့ ညာဘက် Shift ခလုတ်တွေကို အရွယ်အစားပုံမှန်ထက် သေးထားတာက အသုံးပြုရတာပုံမှန်ထက် အနည်းငယ်လက်ဝင်တယ်လို့ ခံစားရပါတယ်။ နောက်တစ်ခုကတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ အလူမီနီယံကိုယ်ထည် Laptop တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ အသုံးပြုတဲ့အချိန်ကြာမြင့်မှု ပေါ်မူတည်ပြီး Laptop ကိုယ်ထည် ပူနွေးလာမှုက သတိပြုစရာပါ။

သုံးသပ်ချက်

Razer Blade Stealth က လုပ်ငန်းသုံးပဲဖြစ်ဖြစ်၊ ဂိမ်းကစားဖို့ပဲဖြစ်ဖြစ် စွယ်စုံသုံးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Ultrabook ပဲ ဖြစ်ပါတယ်။ Intel ရဲ့ Whiskey Lake chip processor အသစ်ကို သုံးထားတဲ့အတွက် သူ့အရင်ထွက်ခဲ့တဲ့ Razer Blade ထက်ပိုပြီး ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့အပြင် ဂရပ်ဖစ်ပိုင်းလည်း mainstream PC ဂိမ်းတွေကို
ကောင်းကောင်း ကစားနိုင်တာက သဘောကျစရာပါ။ နောက်တစ်ခုက သွားလေရာ ယူသွားနိုင် လောက်အောင် ပေါ့ပါးမှုရှိတာနဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ကို multimedia ပိုင်းပဲသုံးသုံး၊ ဂိမ်းပဲဆော့ဆော့ အဆင်ပြေလှပါတယ်။ နောက်ဆုံးအနေနဲ့ သုံးသပ်ရမယ်ဆိုရင်တော့ပေးရတဲ့ တန်ဖိုးနဲ့ စိတ်ကျေနပ်ရမှု အပြည့်ရှိစေမယ့် Ultraportable Laptop ကို ၀ယ်ယူမယ်ဆိုရင်တော့ ပရီမီယံအရည်အသွေးရှိတဲ့ Razer BladeStealth (2018) က ထိပ်ဆုံးကနေစဉ်းစားသင့်တဲ့ Laptop တစ်လုံးပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel Core i7-8565U Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce MX150 (25W) 4GB GDDR5 ထောက်ပံ့ပါ၀င်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256 GB PCIe SSD ကို အသုံးပြုထားပါတယ်။ 720p Webcam ကတော့ ဓာတ်ပုံတွေကို အရည်အသွေးကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ပြီး ၄.၃ x ၂.၈ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှု ကောင်းမွန်သလို ကျယ်ဝန်းမှုရှိပါတယ်။ Wi-Fi 802.11ac, Bluetotoh 5.0 စနစ်တွေ ထောက်ပံ့ပါဝင်ပြီး Thunderbolt 3 ပေါက်၊ USB 3.1 ပေါက်နဲ့ USB ပေါက်တွေပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၅ မိနစ်ဝန်း ကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com