Razer Blade Stealth 13

ဓာတ်ပုံနဲ့ ဗီဒီယို တည်းဖြတ်ခြင်း အပြင် ဒီဇိုင်းပိုင်း အသုံးပြုချင်သူတွေ အနေနဲ့ ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မယ့် Razer Blade Stealth 13 ဖြစ်ပါတယ်။ Razer Chroma RGB နည်းပညာ ပါတဲ့အတွက် keyboard ရဲ့ Color Effect တွေကို ကိုယ်တိုင် ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ Core i7 8th Gen Processor နဲ့ဖြစ်ပြီး RAM ပိုင်းအတွက် 2133MHz 16GB ထည့်သွင်း အသုံးပြုထားပါတယ်။ Graphic ပိုင်းအတွက် Nvidia GeForce GTX 1650 4GB ထောက်ပံ့ပေးထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 256GB PCle SSD ထောက်ပံ့ပေးထားပါတယ် ။ ၁၃.၃ လက်မ အရွယ် diagonal Full HD Matte Display (1920 X 1080) နဲ့ဖြစ်ပြီး နေရာမရွေး အလင်းရောင်မရွေး ရုပ်ထွက် အရည်အသွေး ကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြားသော စနစ်တွေဖြစ်တဲ့ 2x Type-A USB 3.1 , 2x Thunderbolt™4 (USB-C), power port , 3.5mm headphone/microphone combo port, , Thunderbolt™ 4, Wireless AX WIFI 6, HD Webcam စတာတွေလဲ ထောက်ပံ့ပေးထားပါတယ်။

အမေရိကန်ဒေါ်လာ ၁၅၁၉ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပြီး အခုချိန်မှာ ဝယ်ယူရင် အမေရိကန်ဒေါ်လာ ၁၅၀ ကို Cash back အနေနဲ့ ပြန်လည် ရရှိမှာဖြစ်ပါတယ်။ Razer Myanmar ကနေ တရားဝင်တင်သွင်းတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««