Razer Blade Pro 17 (2020)

ဈေးနှုန်း – ကန်ဒေါ်လာ ၃၁၉၉

အားသာချက်

ပရီမီယံကိုယ်ထည်ဒီဇိုင်းက ပါးလွှာမှုရှိသလို ပြည့်ဝကောင်းမွန်တဲ့ ဂိမ်းစွမ်းဆောင်ရည်နဲ့ Laptop စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားပြီး ဘက်ထရီစနစ်ကလည်း ကောင်းမွန်မှုရှိတာ နှစ်ခြိုက်စရာပါ။ Display က လှပမှုရှိသလို မိမိစိတ်ကြိုက်ပြန်လည် ချိန်ညှိသုံးနိုင်တဲ့ ကီးဘုတ်သုံးရတာ သက်သောင့်သက်သာ ရှိတာကလည်း ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဈေးနှုန်းကြီးမြင့်တာနဲ့ Fullscreen နဲ့ ဗီဒီယိုကို stream လုပ်ကြည့်ရှုမှု ၁၅ မိနစ်ဝန်းကျင်လောက်မှာ Laptop ကိုယ်ထည် အပူချိန်မြင့်တက်လာမှု တွေက ဒီ Laptop ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

သုံးသပ်ချက်

Razer Balde Pro 17 မှာ refresh rate မြင့်မားတဲ့ Display၊ ပါးလွှာပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပရီမီယံကိုယ်ထည်ဒီဇိုင်းနဲ့ မြင့်မားတဲ့စွမ်းဆောင်ရည်တွေ ပါဝင်လာတာ ငြင်းမရတဲ့အချက်ပါ။ ပြည့်ဝတဲ့ ဂိမ်းစွမ်းဆောင်ရည်နဲ့ ပရော်ဖက်ရှင်နယ် လုပ်ငန်းဆောင်တာတွေအတွက် မြန်ဆန်ကောင်းမွန်ပြီး တည်ငြိမ်တဲ့ Laptop စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတာက ဆွဲဆောင်မှုရှိတယ် လို့ ဆိုရမှာပါ။ VR ဂိမ်းတွေကိုလည်း အဆင်ပြေပြေကစားနိုင်တဲ့အတွက် ဂိမ်းနဲ့ပတ်သက်ပြီး စိတ်ချလက်ချ ကစားနိုင်မယ့် Laptop တစ်လုံး ဆိုရင်လည်း မမှားပါဘူး။ မိမိအနေနဲ့ ပိုမိုမြန်ဆန်တဲ့ SSD နဲ့ ပိုပြီးတောက်ပတဲ့ Display ပါဝင်တာကို လိုချင်ရင်တော့ ကန်ဒေါ်လာ ၃၅၂၉ တန်ဖိုးရှိတဲ့ Alienware m17 R3 ကို ရွေးချယ်နိုင်ပေမယ့် Alienware က ပိုဈေးကြီးပြီ အလေးချိန်ကလည်း Razer Blade Pro 17 ထက် ပိုလေးပါတယ်။ ဒါပေမဲ့ မိမိအနေနဲ့ ပေါ့ပါးပါးလွှာပြီး Desktop တစ်လုံးလို စွမ်းဆောင်ရည်နဲ့သုံးချင်ရင်တော့ Razer Blade Pro 17 က ထိပ်တန်းရွေးစရာ Laptop တစ်လုံးလို့ ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၇.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920x1080p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 2.8GHz ရှိတဲ့ 10th Gen Intel Core-i7-10875H processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia ရဲ့အသစ်ထွက် Super GPU ဖြစ်တဲ့ Nvidia GeForce RTX 2080 Super Max-Q GPU (8GB VRAM) ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB PCIe NVMe SSD တွေ ပါဝင်ပါတယ်။ စပီကာ အသံထွက်ပိုင်းက ကောင်းမွန်မှုရှိပါတယ်။ ဒီ Laptop က ဂိမ်း Laptop တစ်လုံးမှာရှိသင့်တဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ပိုင်ဆိုင်ထားပါတယ်။ 720p Webcam အမျိုးအစားက သုံးရတာ အဆင်ပြေသလို ဖန်သားမျက်နှာပြင် Touchpad မှာ ချောမွေ့ပြီး Windows 10 gestures စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ ကိုယ်ထည်ရဲ့ ညာဘက်ဘောင်ထဲမှာ USB 3.2 ပေါက်၊ Thunderbolt 3 ပေါက်၊ HDMI 2.0 ပေါက်နဲ့ SD ကတ်ပေါက်တွေ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ USB 3.2 ပေါက်၊ USB 3.2 Type-C ပေါက် HDMI 2.0 ပေါက်၊ Ethernet ပေါက်၊ နားကြပ်ပေါက်နဲ့နဲ့ အားသွင်းပေါက်တွေ ထည့်သွင်းပေးထားပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၄ နာရီနဲ့ ၄၁ မိနစ်ခန့် အသုံးပြုနိုင်တာက ပရီမီယံဂိမ်း Laptop တစ်လုံးမှာရှိသင့်တဲ့ ပျှမ်းမျှကြာချိန် ၄ နာရီနဲ့ ၁၄ မိနစ်ထက် ပိုကြာတဲ့အချိန်လို့ဆိုရမှာပါ။ အလေးချိန်ကတော့ ၂.၇ ကီလို ဂရမ် (၆.၁ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: [www.Laptopmag.com]