Razer ရဲ Kraken Headphone

Gamer တွေအတွက် ပိုပြီး အဆင်ပြေမယ့် Razer ရဲ့ Kraken Headphone မော်ဒယ်သစ် ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။ 7.1 surround system အသံထွက်စနစ်ကြောင့် အသံထွက်အရည်အသွေး မြင့်မားစွာ ရရှိစေမှာဖြစ်ပြီး ဂိမ်းထဲက အသံထွက်တွေကို အသေးစိတ် ခံစားနိုင်စေမှာဖြစ်ပါတယ်။ Headband padding ကို သုံးစွဲသူတွေအတွက် စနစ်တကျ ဒီဇိုင်းထုတ်ထားတဲ့အတွက Headphone ကိုတပ်ဆင်တဲ့အခါ ဦးခေါင်းကို ဖိအားလျော့မှု ပိုမို သက်သာပြီး ရေရှည် အသုံးပြုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။

Driver Size အနေနဲ့ 50mm အရွယ်ရှိပြီး ပြင်ပအသံတွေရဲ့ ဆူညံသံတွေကင်းဝေးအောင် နားအုပ်ထူထူလေး လုပ်ပေးထားပါတယ်။ အသံထွက်အနေနဲ့ Input power: 30 mW (Max) အထိ ရရှိမှာ ဖြစ်ပါတယ်။ Frequency Response- 12 Hz – 28 kHz ရရှိပြီး Sensitivity- 109 dB (1 kHz) ရရှိမှာဖြစ်ပါတယ်။ ear cushions မှာ Cooling Gel Layer ပါဝင်တဲ့အတွက် အချိန်ကြာမြင့်စွာ တပ်ဆင်ထားပေမယ့် အပူချိန်မြင့်တက်မှုက လျော့ကျစေမှာပါ။ Cardioid Microphone ကြောင့် အနောက်က ဆူညံသံတွေမပါဘဲ ကိုယ့်အသံကိုပဲ တစ်ဖက်ကလူက ကြည်ကြည်လင်လင် ကြားရအောင် လုပ်ပေးနိုင်တယ်။

ချိတ်ဆက်မှုအတွက်ကတော့ Analog 3.5 mm ဖြစ်ပြီး ကြိုးအရှည် 4.27 ပေအထိ ရပါတယ်။ Platform အတော်များများနဲ့ချိတ်ဆက်သုံးစွဲနိုငပါတယ်။ ထိန်းချူပ်မှုအတွက် In-line control အပိုင်းမှာ Analog volume control wheel, Microphone quick mute toggle တွေ ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစား 54 mm x 65 mm ရှိပြီး အလေးချိန် 322g လေးပါတယ်။ Razer Myanmar က တရားဝင်တင်သွင်းပြီး မြန်မာပြည်အရပ်ရပ်ရှိ IT ဆိုင်များမှာ ဝယ်ယူနိုင်ပါတယ်။

– ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««