Razer ကထုတ်လုပ်တဲ့ နည်းပညာမြင့် N95 နှာခေါင်းစည်း

ဂိမ်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ထုတ်လုပ်တဲ့ Razer ကတော့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်မယ့် Project Hazel concept ဒီဇိုင်းအခြေခံ N95 အဆင့်ရှိ နှာခေါင်းစည်းကို ထုတ်လုပ်လိုက်ပါတယ်။

အဲဒီ နှာခေါင်းစည်းတွေမှာ စမတ်လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။ နှာခေါင်းစည်းမှာ ကြိုးမဲ့အားသွင်းရမယ့် သီးခြား case နဲ့ UV ပိုးသတ်မှု အပြင် လေအဝင်အထွက်စနစ်နဲ့ အလိုအလျောက် ပိုးသတ်စနစ်တို့ ပါဝင်လာပါတယ်။ နှာခေါင်းစည်းထဲမှာ pod တွေမှာ အစားထိုးလို့ရတဲ့ filter နဲ့ အားသွင်းလို့ရတဲ့ လေသန့်စင်စနစ်တို့ ပါဝင်လာပါတယ်။

Razer ဟာ နှာခေါင်းစည်းမှာ အလင်းထည့်သွင်းထားပြီး pod ပေါ်မှာ LED မီးရောင်က အားသွင်းထားတဲ့ အခြေအနေကို ပြသတာပါ။ ဒါ့အပြင် အလင်းအားနည်းချိန်မှာ မြင်နိုင်အောင် အတွင်းဘက်မှာလည်း Led မီးပါဝင်လာပါတယ်။ နှာခေါင်းစည်းက pod ကတော့ အသံကို ရှင်းလင်းစွာ ကြားနိုင်အောင် ပြုလုပ်ဖို့ algorithm ပါဝင်လာပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««