Raspberry Pi နဲ့စွမ်းအင်ပေးထားတဲ့ အသက်ရှုစက်ကို ကိုလံဘီယာမှာ စမ်းသပ်

စက်ရုပ်နည်းပညာအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ မာကိုမက်ကိုရိုဟာ COVID-19 ကိုကုစားပေးမယ့် အသက်ရှုစက်ကို Raspberry Pi ကွန်ပျူတာအသုံးပြုပြီး တည်ဆောက်ခဲ့ပါတယ်။ မာကိုမက်ကိုရိုဟာ ကယ်လီဖိုးနီးယားမှာ နေထိုင်သူဖြစ်ပါတယ်။ မတ်လမှာ အသက်ရှုစက်ဒီဇိုင်းနဲ့ ကွန်ပျူတာ code ကိုအွန်လိုင်းမှာ တင်ခဲ့ပါတယ်။ သူဟာ ကျန်းမာရေးထုတ်ကုန်တွေ ဖန်တီးတဲ့ အတွေ့အကြုံလည်း မရှိပါဘူး။

သူရဲ့ post ကိုကျန်းမာရေးလုပ်သားများစွာက ကြိုဆိုထောက်ခံကြပါတယ်။ မာကိုမက်ကိုရိုက အကြံပြုချက်ကို ယူပြီး အသက်ရှုစက်ကို တိုးတက်အောငင် ပြုလုပ်သွားပါမယ်။

“အခုကပ်ရောဂါအတွင်း လက်ရှိမှာ ကြုံတွေ့နေရတဲ့ ပြဿနာများစွာကို နည်းပညာက ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ BBC ကိုပြောခဲ့ပါတယ်။

မာကိုမက်ကိုရို ဖန်တီးလိုက်တဲ့ အသက်ရှုစက်ကိုတော့ ကိုလံဘီယာက အဖွဲ့တစ်ခုက စမ်းသပ်သွားပါမယ်။ Raspberry Pi ကွန်ပျူတာနဲ့ တည်ဆောက်ထားတဲ့ အသက်ရှုစက်ဒီဇိုင်းက နိုင်ငံအတွက် အလွန်အရေးပါပြီး သမားရိုးကျအသက်ရှုစက်အပိုင်းတွေက ရှာဖွေဖို့ ခက်ခဲတယ်လို့ ကိုလံဘီယာအဖွဲ့ကပြောခဲ့ပါတယ်။

မက်ကိုရိုရဲ့ ဒီဇိုင်းက အလွယ်တကူရှာဖွေနို်ငတဲ့ အစိတ်အပိုင်းတွေပဲ အသုံးပြုထားပါတယ်။ ဥပမာအနေနဲ့ ကားနဲ့ ပိုက်နဲ့သက်ဆိုင်တဲ့ ဆိုင်တွေမှာ တွေ့တတ်တဲ့ အဆို့ရှင်တွေ အသုံးပြုထားပါတယ်။

ကိုလံဘီယာ၊ ဘိုဂိုတာမြို့က တက္ကသိုလ်၂ခုမှာ စက်ကို စမ်းသပ်မှုတွေ လျင်လျင်မြန်မြန်ပြုလုပ်သွားဖို့ စီစစဉ်ထားပါတယ်။

စိုးထက်
Ref: BBC