Rapigator က ဖိုင်တွေကို အခမဲ့ download လုပ်ယူခြင်း

Rapigator ဆိုတာကတော့ File hosting တစ်ခုပဲဖြစ်ပါတယ်။ အချို့ media file တွေနဲ့ အခြားသောဖိုင်တွေကို rapigator မှာ တင်ထားတဲ့အခါမှာ download လုပ်ယူလိုတယ်ဆိုရင် premium member ဖြစ်မှသာ download လုပ်ယူခွင့်ပေးထားပါတယ်။

Rapigator premium member မဟုတ်ဘဲ ဖိုင်တွေကို download လုပ်ယူချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ယူနိုင်ပါတယ်။ ပထမဆုံး https://www.oboom.com ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားပါ။ ဝက်ဘ်ဆိုက်ကို ရောက် ပြီဆိုရင် register ဆိုတဲ့နေရာမှာ ကလစ်နှိပ်ပြီး register လုပ် ဆောင်နိုင်ပါတယ်။

Register လုပ်ပြီးပြီဆိုရင် email မှာ password ကို တွေ့ရမှာ ဖြစ်ပါတယ်။ Password မှာ မိမိ နှစ်သက် ရာကို နောက်ပိုင်းမှာပြန် လည် ပြောင်းလဲနိုင်ပါတယ်။ Oboom ဝက်ဘ်ဆိုက်မှာ register လုပ်ပြီးပြီဆိုရင် Rapidgator က premium file ကို download လုပ်ဖို့အတွက် oboom ရဲ့ My File ဆိုတဲ့နေရာမှာ upload file button ကို တွေ့ရပါ လိမ့်မယ်။ Upload file button ကို နှိပ်ပြီး Remote ဆိုတာက ိုရွေးချယ်ရမှာဖြစ်ပါတယ်။

Remote button ကို နှိပ်ပြီးရင် download လုပ်ယူမယ့် rapidgator link ကိုထည့်လိုက်ပြီး start button ကို နှိပ်ရပါမယ်။ ဒါဆိုရင် ကိုယ် download လုပ်ယူချင်တဲ့ file ကို oboom မှာ upload လုပ်သွားပါလိမ့်မယ်။ Upload ပြီးသွားရင် အဆိုပါ ဖိုင်ကို select လုပ်ပြီး download button ကို နှိပ်ကာ Rapigator က ဖိုင်ကို premium account မရှိဘဲ အလွယ်တကူ download လုပ်နိုင်ပြီဖြစ်ပါတယ်။

-သီဟ