RAM 8GB ပါဝင္တဲ့ ကုမၸဏီရဲ႕ ပထမဆုံးစမတ္ဖုန္းကို Huawei မိတ္ဆက္

[ Zawgyi ]

Huawei ဟာ RAM 8GB ပါဝင္တဲ့ ကုမၸဏီရဲ႕ ပထမဆုံး စမတ္ဖုန္းျဖစ္တဲ့ Honor 10 GT ကုိ ထုတ္ေဖာ္မိတ္ဆက္လုိက္ပါတယ္။

Huawei ဟာ Honor 10 ကုိ တ႐ုတ္ႏိုင္ငံမွာ ဧၿပီလကျဖန္႔ခ်ိခဲ့သလို ႏိုင္ငံတကာေစ်းကြက္ကိုလည္း ေမလက ျဖန္႔ခ်ိခဲ့ပါတယ္။ Honor 10 ကိုေတာ့ RAM 4GB နဲ႔ 6GB option ေတြနဲ႔ပဲ ရရိွႏိုင္ပါတယ္။

Honor 10 GT မွာေတာ့ RAM 8GB ပါဝင္လာေပမယ့္ အျခား အေသးစိတ္အပုိင္းနဲ႔ ဒီဇိုင္းအျပင္အဆင္ကေတာ့ Honor 10 နဲ႔ အတူတူပဲ ျဖစ္ပါတယ္။ Honor 10 GT ရဲ႕ မ်က္ႏွာျပင္အရြယ္အစားက ၅.၈ လက္မျဖစ္ၿပီး ႐ုပ္ထြက္အရည္အေသြး 2280x 1080 LCD display ပါဝင္သလို home ခလုတ္မွာ fingerprint sensor ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ notch မွာ ေရွ႕ဘက္ကင္မရာ 24-megapixel selfie sensor ထည့္သြင္းထားၿပီး edge-to-edge display အသုံးျပဳထားပါတယ္။

Honor 10 GT မွာ Kirin 970 ပ႐ိုဆက္ဆာနဲ႔ ဘက္ထရီ 3,400 mAh ကို အသုံးျပဳထားပါတယ္။ ေက်ာဘက္မွာေတာ့ 16-megapixel နဲ႔ 24-megapixel ႏွစ္ခုပါဝင္တဲ့ dual ကင္မရာအသုံးျပဳထားပါတယ္။ ဒါ့အျပင္ 3.5mm နားၾကပ္ေပါက္နဲ႔ USB Type-C port ေတြ ပါဝင္လာပါတယ္။

Honor 10 GT ကို ဇူလုိင္လ ၂၄ ရက္ကစၿပီး တ႐ုတ္ႏိုင္ငံမွာျဖန္႔ခ်ိဖို႔ စီစဥ္ထားပါတယ္။ Honor 10 GT ရဲ႕တရားဝင္ေဈးႏႈန္းကို မထုတ္ျပန္ေသးေပမယ့္ ယြမ္ ၂,၅၉၉ (ေဒၚလာ ၃၉၁.၄၂) က်သင့္ႏိုင္တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Huawei ဟာ RAM 8GB ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်တဲ့ Honor 10 GT ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။

Huawei ဟာ Honor 10 ကို တရုတ်နိုင်ငံမှာ ဧပြီလကဖြန့်ချိခဲ့သလို နိုင်ငံတကာစျေးကွက်ကိုလည်း မေလက ဖြန့်ချိခဲ့ပါတယ်။ Honor 10 ကိုတော့ RAM 4GB နဲ့ 6GB option တွေနဲ့ပဲ ရရှိနိုင်ပါတယ်။

Honor 10 GT မှာတော့ RAM 8GB ပါဝင်လာပေမယ့် အခြား အသေးစိတ်အပိုင်းနဲ့ ဒီဇိုင်းအပြင်အဆင်ကတော့ Honor 10 နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Honor 10 GT ရဲ့ မျက်နှာပြင်အရွယ်အစားက ၅.၈ လက်မဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 2280x 1080 LCD display ပါဝင်သလို home ခလုတ်မှာ fingerprint sensor ထည့်သွင်းထားပါတယ်။ ဒါ့အပြင် notch မှာ ရှေ့ဘက်ကင်မရာ 24-megapixel selfie sensor ထည့်သွင်းထားပြီး edge-to-edge display အသုံးပြုထားပါတယ်။

Honor 10 GT မှာ Kirin 970 ပရိုဆက်ဆာနဲ့ ဘက်ထရီ 3,400 mAh ကို အသုံးပြုထားပါတယ်။ ကျောဘက်မှာတော့ 16-megapixel နဲ့ 24-megapixel နှစ်ခုပါဝင်တဲ့ dual ကင်မရာအသုံးပြုထားပါတယ်။ ဒါ့အပြင် 3.5mm နားကြပ်ပေါက်နဲ့ USB Type-C port တွေ ပါဝင်လာပါတယ်။

Honor 10 GT ကို ဇူလိုင်လ ၂၄ ရက်ကစပြီး တရုတ်နိုင်ငံမှာဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ Honor 10 GT ရဲ့တရားဝင်ဈေးနှုန်းကို မထုတ်ပြန်သေးပေမယ့် ယွမ် ၂,၅၉၉ (ဒေါ်လာ ၃၉၁.၄၂) ကျသင့်နိုင်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge