Rakuten Viber (၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ဆောင်များပေးအပ်လျက်ရှိ

Rakuten Viber (မ)ှ ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အသုံးပြုသူတွေကို လက်ဆောင် ပြန်လည်ပေးအပ်သွားမယ့် အစီအစဉ်ကို စတင် မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်အရ Viber အသုံးပြုသူတွေအနေနဲ့ Viber Out ဝန်ဆောင်မှု အသုံးပြုနိုင်မယ့် ကူပွန်တွေ၊ လျှော့ဈေးခံစားခွင့်တွေ၊ မိတ်ဖက်အဖွဲ့အစည်းမှ ခံစားခွင့်ကူပွန်တွေအပြင် စတစ်ကာတွေကို ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။ Viber အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီး အသုံးပြုထားသူ မည်သူမဆို အစီအစဉ်တွင် တစ်ကြိမ်ပါဝင်ကံစမ်းခွင့်ရရှိသွားမှာ ဖြစ်တဲ့အပြင် နောက်ထပ်တစ်ကြိမ် ပါဝင်ကံစမ်းလိုပါက သူငယ်ချင်း ၃ ဦးကို အစီအစဉ်မှာ ပါဝင်ကံစမ်းရန် ဖိတ်ခေါ်ခြင်းဖြင့် ဒုတိယအကြိမ်မြောက် ကံစမ်းခွင့်ကို ရယူနိုင်မယ်လို့ သိရပါတယ်။

ကံစမ်းမဲ အစီအစဉ်ကို https://vb.me/e7e777 မှတစ်ဆင့် (မှတ်ချက် – မိုဘိုင်းဖုန်းရှိ Viber အက်ပလီကေးရှင်းမှသာ) ပါဝင်ကံစမ်းနိုင်မှာဖြစ်ပါတယ်။

-အောင်သူ