Rakuten Viber မှ My Notes လုပ်ဆောင်ချက်ကိုမိတ်ဆက်

Rakuten Viber မှ အသုံးပြုသူတွေရဲ့ အရေးကြီး လုပ်ဆောင်မှုတွေနဲ့ လုပ်ဆောင်ချက် သတိပေးချက်တွေကို အဆက်မပြတ် ခြေရာခံနိုင်ဖို့ “My Notes” လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ လုပ်ဆောင်ချက်မှာ အသုံးပြုသူတွေရဲ့ မက်ဆေ့ချ်တွေနဲ့ သတိပေးချက်တွေကို အဆက်မပြတ် ခြေရာခံနိုင်ရန်အတွက် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားတွေ အနေနဲ့ COVID 19 ကပ်ရောဂါကို တိုက်ထုတ်နေစဉ် မိမိတို့လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်ဝတ္တရားများ အချိန်မီ ပြီးမြောက်‌စေရန် အထောက်အကူပြု သတိပေးနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

အသုံးပြုသူတွေအနေနဲ့ My Notes ပလက်ဖောင်းထဲမှာ ရေးထားတဲ့ မည်သည့် မက်ဆေ့ချ်ကိုမဆို အချိန်အတန်ကြာ ဖိနှိပ်ထားပြီး “Set Reminder” ကို ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ရွေးချယ်ပြီးပါက သတိပေးချက် ရယူလိုတဲ့ အချိန်နဲ့ ရက်စွဲကို ရွေးချယ်နိုင်မှာဖြစ်သလို အဆိုပါ သတိပေးချက်ကို ထပ်ခါတလဲလဲ ပေါ်စေတဲ့ လုပ်ဆောင်ချက်ကိုလဲ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ ရွေးချယ်ပြီးပါက သတိပေးချက်မှာ ရွေးချယ်ထားတဲ့ အချိန်နဲ့ ရက်စွဲက ဖုန်းပေါ်မှာ ပေါ်လာမှာဖြစ်တယ်လို့ သိရပါတယ်။

အခြားလုပ်ဆောင်ချက်တွေ အနေနဲ့ အလုပ်များ၊ ဖြစ်ရပ်များနဲ့ အသုံးပြုသူများ မှတ်ထားချင်တဲ့ အခြားအရာများ မှတ်ထားနိုင်ခြင်း၊ ပြီးသွားသောလုပ်ဆောင်ချက်တွေကို “လုပ်ပြီးပြီ” ဟု မှတ်သားနိုင်ပြီး ဖျောက်ဖျက်လိုက်နိုင်ခြင်း၊ မှတ်ထားသော မှတ်ချက်တွေကို အခြားသူတွေနဲ့ စကားပြောထားသော chat များထံသို့ forward ပြုလုပ်နိုင်ခြင်းနဲ့ chat များမှ မက်ဆေ့ချ်တွေကို My Notes သို့ forward ပြုလုပ်နိုင်ခြင်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Forward ပြုလုပ်ရာမှာလည်း မည်သည့် chat မှ forward ပြုလုပ်ခဲ့သည် ဆိုသည့် အချက်အလက်ကို မြင်တွေ့နိုင်မယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««