Rakuten Viber မှ Horoscope Chatbot ကိုမိတ်ဆက်

Rakuten Viber မှ မိမိရာသီခွင်ကို ကြည့်ရှုနိုင်တဲ့ AI နည်းပညာသုံး Horocope Chatbot ကို စတင် မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ chatbot မှာ နောက်ဆုံးထွက် ဟောကိန်းတွေကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အသစ်ရယူနိုင်မှာ ဖြစ်သလို အသုံးပြုသူတွေအနေနဲ့ Horoscope နဲ့ဆက်နွယ်တဲ့ စတစ်ကာတွေကိုလည်း မကြာမီ အချိန်အတွင်း ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Horoscope Chatbot မှ တစ်ဆင့် chat ခြင်းဖြင့် ဘဝ၊ အလုပ်၊ နှလုံးသားရေး၊ ကျန်းမာရေး အစရှိတာတွေရဲ့ ကြိုတင်ဟောကိန်းတွေကို လွယ်ကူစွာ ရယူနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အသုံးပြုသူများ ပိုမိုအဆင်ပြေစေဖို့ အတွက် အဆိုပါ bot အား မြန်မာဘာသာနဲ့ အသုံးပြုနိုင်‌အောင် ပြုလုပ်ပေးထားပါတယ်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေစိတ်ဝင်စားပြီး သင့်တင့်လျောက်ပတ်တဲ့ လုပ်ဆောင်ချက်တွေကို အဆက်မပြတ် တိုးချဲ့ မိတ်ဆက်ခြင်းနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုးမြင့်လာတဲ့ အသုံးပြုသူတွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေ ဘဝအပန်းပြေစေနိုင်ဖို့ ရိုးရှင်းတဲ့ bot ကနေတစ်ဆင့် နက္ခတ်ဗေဒင် ကြိုတင်ဟောကိန်း ထုတ်ပေးနိုင်တဲ့ Horoscope Chatbot ကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်” လို့ တစ်မူထူးခြားသည့် လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး Rakuten Viber ၏ COO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့ပါတယ်။

Viber ၏ Horoscope Chatbot ကို https://vb.me/horoscopebot_1 မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။