Rakuten Viber မှ Burmese Converter tool ကို ထည့်သွင်း

Rakuten Viber မှ Android နဲ့ iOS တွေမှာ အသုံးပြုနိုင်တဲ့ ဇော်ဂျီဖောင့်နဲ့ ယူနီကုတ်ဖောင့် အချင်းချင်း အပြန်အလှန် အလိုအလျောက် ကူးပြောင်းပေးနိုင်တဲ့ Burmese Converter tool ကို ဖန်တီးထည့်သွင်းပေးခဲ့တယ်လို့ သိရပါတယ်။

Burmese Converter မှာ ယူနီကုတ်ဖောင့်သို့ ကူးပြောင်းအသုံးပြုရာမှာ အဆင်ပြေစေမှာ ဖြစ်ပြီး ကူးပြောင်းနိုင်ရန်အတွက် Viber> More> Settings> Calls and messages> Auto-convert Burmese ဆိုပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။

“ဘယ်အပြောင်းအလဲမှာ မဆို အစပိုင်းမှာ ခက်ခဲတတ်တာကို ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍက အားလုံး ပူးပေါင်း ပါဝင်မယ်ဆိုရင်တော့ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ သေချာပါတယ်။ ယူနီကုတ်ဖောင့်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိပြီး ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်း ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်း အသုံးပြုသူတွေအားလုံးက ယူနီကုတ်စနစ်ကို လိုက်နာအသုံးပြုကြမယ်ဆိုရင် မြန်မာနိုင်ငံက တခြား ကြီးမားတဲ့ အာရှစီးပွားရေးနိုင်ငံကြီးတွေနဲ့ အမီလိုက်လာနိုင်မှာဖြစ်ပါတယ်” လို့ Burmese Converter ဖန်တီးထည့်သွင်းခြင်းနဲ့ ပတ်သက်ပြီး Viber ရဲ့ COO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့ပါတယ်။

Auto-Burmese Converter ကို ကွန်ပျူတာတွေမှာလည်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

-အောင်သူ

အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော်