Rakuten Viber မှ သင်္ကြန်ဂိမ်း Bot နှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနိုင်မည့် နည်းလမ်းများကို မိတ်ဆက်ပေးခဲ့

Rakuten Viber မှ သင်္ကြန်ကာလအတွင်း အိမ်မှာနေထိုင်ရသူတွေကို ပျော်ရွှင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သင်္ကြန်စတစ်ကာများ၊ သင်္ကြန်နဲ့ပတ်သက်တဲ့ စာသားများပါဝင်တဲ့ မက်ဆေ့ချ်များ ပေးပို့ပါက ဖုန်းမျက်နှာပြင်ပေါ်မှာ လှုပ်ရှားမှုတွေ ဖြစ်စေနိုင်တဲ့ on-screen animation တွေအပြင် သင်္ကြန်ဂိမ်း Bot တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ပြည်သူများကို အိမ်တွင်နေ၍ သက်သောင့်သက်သာဖြင့် viber မှ အထူးပြုလုပ်ဖန်တီးထားတဲ့ သင်္ကြန်စတစ်ကာများကို ချစ်ခင်သူများထံသို့ ပေးပို့နိုင်မှာဖြစ်ကြောင်း၊ သင်္ကြန်ရဲ့ အဓိကပြယုဂ်ဖြစ်တဲ့ အတာရေ လောင်းခြင်းနဲ့ ပိတောင်ပန်းတွေကို Viber မှ အထူးပြုလုပ် ဖန်တီးပေးထားကြောင်း၊ အသုံးပြုသူတွေအတွက် ရေပက်သည့်အသံ ဗွမ်း၊ ပျော်စရာသင်္ကြန် ၊ သင်္ကြန်၊ ပျော်ရွှင်စရာနှစ်သစ်ကူး စတဲ့ စာသားများရိုပ်နှိပ်ပေးပို့လိုက်ပါက ဖုန်းမျက်နှာပြင်ပေါ်မှာ လှုပ်ရှားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ on-screen animation ကိုလည်း viber မှ ထည့်သွင်းပေးထားကြောင်း သိရပါတယ်။

ဒါ့အပြင် ပိုမိုပျော်ရွင်ဖွယ်ဖြစ်စေရန်အတွက် ဖိုးဝရုပ်အားရေပက်ပြီး စိတ်ဝင်စားဖွယ် ဆုလက်ဆောင်တွေ ရရှိနိုင်မယ့် သင်္ကြန်ဂိမ်း Bot ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ သင်္ကြန်ဂိမ်း Bot ကို https://vb.me/thingyangamebot မှ တစ်ဆင့် ဝင်ရောက်ရမှာဖြစ်ပြီး ဝင်ရောက်ပြီးပါက ဂိမ်းကစားရန်အတွက် Bot မှ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပထမဂိမ်းကစားအပြီးမှာတော့ PUPG Classic Create Scraps နှစ်ခု ရရှိနိုင်ဖို့ အခွင့်အရေးအတွက် ခဲခြစ်ကံစမ်းရမှာဖြစ်ပါတယ်။ Grand Prize (အွန်လိုင်းဈေးဝယ်ခြင်းနှင့် အွန်လိုင်းပေးချေခြင်းအတွက် ၂၅ သိန်းတန် CB ကြိုတင်ငွေဖြည့်ကတ်နဲ့ CB Life ရဲ့ ၂၅ သိန်းတန်ကျန်းမာရေး အသက်အာမခံ) ကိုတော့ အမှတ်အများဆုံးရရှိသူတွေထဲမှ ကံထူးရှင်တစ်ဦးကို မေ ၅ ရက်မှာ ကျပန်းရွေးချယ်ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

“ Covid-19 ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တဲ့အတွက် သင်္ကြန်ကာလအတွင်း လူစုလူဝေး မပြုလုပ်ကြဖို့ အလေးအနက် တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီပွဲတော်ရဲ့ အရေးပါမှုကို နားလည်ပါတယ်။ ဒါပေမဲ့ coronavirus အကျပ်အတည်းကာလ အတွင်းမှာတော့ မြန်မာပြည်သူ ပြည်သားတွေကို ချင်ခင်ရတဲ့သူတွေနဲ့ အဆက်မပြတ်စေဘဲ အိမ်မှာနေစေ ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ သင်္ကြန်စတစ်ကာတွေနဲ့ ဂိမ်းတွေက သင်္ကြန်ပွဲတော်ချိန်အတွင်း အိမ်မှာနေတဲ့သူတွေကို ပျော်ရွှင်မှု ပေးနိုင်မှာဖြစ်ပြီး အိမ်မှာနေခြင်းဖြင့်လည်း virus ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်” လို့ Business Development APAC ရဲ့ Senior Director ဖြစ်သူAnubha Nayyar က ပြောကြားခဲ့ပါတယ်။

-အောင်သူ