Rakuten Viber မှ ပလက်ဖောင်းတွင် Spam များ တိုက်ဖျက်ရန်အတွက် လုပ်ဆောင်ချက်အသစ်များထည့်သွင်း

Rakuten Viber မှ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဘေးကင်းလုံခြုံစေရန် မလိုအပ်သော သတင်းအချက်အလက် (spam) တွေကို တိုက်ဖျက်နိုင်ပြီး အခြားအသုံးပြုသူတွေကို နာမည်အလိုက် ရှာဖွေနိုင်မယ့် လုပ်ဆောင်ချက် အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။

Viber မှ အသုံးပြုသူတွေကို မိမိအား မည်သူက အဖွဲ့ထဲ သို့မဟုတ် community များထဲသို့ အသုံးပြုသူအားလုံးဖြစ်စေ မိမိ ဖုန်း contact ထဲရှိသူများဖြစ်စေ မည်သူက ထည့်သွင်း၍ရမည်ကို ထိန်းချုပ်နိုင်ခွင့် ပေးထားပြီး ထိုသို့ထိန်းချုပ်နိုင်ရန် အတွက် အသုံးပြုသူတွေအနေနဲ့ မိမိဖုန်းတွင် More > Settings > Privacy > Groups > Control ထဲသို့သွားရောက်၍ မိမိအား မည်သူတို့မှ အဖွဲ့များအတွင်းသို့ ထည့်သွင်းနိုင်မည်ကို ထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် မိမိဖုန်းထဲတွင်မရှိသော ပြင်ပရှိ သူများမှ community သို့မဟုတ် အဖွဲ့များသို့ ဝင်ရောက်ရန် ဖိတ်ခေါ်တဲ့စာများပေးပို့လာပါက ထိုစာများမှာ message request အသစ်သို့ ရောက်ရှိသွားမှာ ဖြစ်ပြီး အသုံးပြုသူတွေ ပင်မအသုံးပြုနေတဲ့ စာတွေနဲ့ ရောထွေးသွားခြင်းမရှိဘဲ အမြင်ရှင်းအောင်ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

Viber ရဲ့မိတ်ဆွေအသစ်တွေကို ရှာဖွေနိုင်သော လုပ်ဆောင်ချက်မှာ လူမှုကွန်ရက် ချဲ့ထွင်ရေးအတွက် များစွာအထောက်အကူပြုနိုင်ရုံသာမက အသုံးပြုနေစဉ်အတွင်း ‌အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တစ်စုံတစ်ယောက်က အသုံးပြုသူရဲ့အမည်ကို Viber ရဲ့ search bar မှာရိုက်ထည့်ပြီး ရှာဖွေကြည့်ပါက ရှာဖွေမှု ရလဒ်မှာ အသုံးပြုသူရဲ့ ဓာတ်ပုံနဲ့တကွ ပေါ်လာမှာဖြစ်တယ်လို့ သိရပါတယ်။ Viber မှ လုံခြုံရေးအတိုင်းအတာတွေ ကို အသုံးပြုသူများ၏ ဖုန်းနံပါတ်များအား ကာယကံရှင်မှ မမျှဝေမချင်း ဖျောက်ထားပေးခြင်း၊ အွန်လိုင်းရှိ၊ မရှိ ပြသမှုအား ဖျောက်ထားပေးခြင်း၊ အသံနှင့် ဗီဒီယို ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်မရခြင်း စသဖြင့် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

အသုံးပြုသူတွေအနေနဲ့ တစ်စုံတစ်ယောက်က မိမိအား ရှာဖွေရာတွင် မတွေ့ရှိစေလိုပါက More > Settings > Privacy > Let users find you by your name သို့သွားရောက်ပြီး လွယ်ကူစွာ ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ လူ ရှာဖွေရေး လုပ်ဆောင်ချက် (People Search) နဲ့ စာတိုပေးပို့ရန်ခွင့်ပြုချက်တောင်းခံခြင်း (Message Request inbox) လုပ်ဆောင်ချက်တွေကို တစ်ကမ္ဘာလုံးသို့ မဖြန့်မီ သတ်မှတ်ထားသော နိုင်ငံတွေမှာ စတင် စမ်းသပ်သွားမယ်လို့ သိရပါတယ်။

-အောင်သူ