Rakuten Viber မှ ဆယ်နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ဖြစ်ရပ်မှန် ဇာတ်လမ်း မှတ်တမ်းစီးရီး ထုတ်လုပ်တင်ဆက်

အခမဲ့နှင့် အလွယ်တကူ ဆက်သွယ်မှုများပြုလုပ်နိုင်သော ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းတစ်ခုဖြစ်သော Rakuten Viber သည် ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများမှ လွန်ခဲ့သော နှစ်များအတွင်း Viber ကို အသုံးပြုပြီး နေထိုင်မှုပုံစံပြောင်းလဲခဲ့သည့် ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းများကို မှတ်တမ်းတင်ထားသော Heroes of Viber package အား မိတ်ဆက်ခဲ့ပါတယ်။

အီရပ်၊ ယူကရိန်၊ နီပေါ စသည့် နိုင်ငံများရှိ Viber အသုံးပြုပြီး ဘဝနေထိုင်မှုပုံစံတစ်ရပ် ပြောင်းလဲခဲ့ကြသည့် Viber အသုံးပြုသူများအကြောင်း မီးမောင်းထိုးပြထားသည့် အပိုင်း ၁၄ ပိုင်း ပါဝင်သော မှတ်တမ်းအစီအစဥ်အား ပြုလုပ်တင်ဆက်သွားမှာပါ။ ပြည်သူများ အချင်းချင်း ဆက်သွယ်ရန် Viber အသုံးပြုမှုများကြောင့် ဆယ်စုနှစ်အတွင်း Viber သည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး အက်ပလီကေးရှင်းတစ်ခုဖြစ်လာသည့် ကုမ္ပဏီ၏ အောင်မြင်မှုကို မှတ်တမ်းတင်ပြသထားသည့် အစီအစဥ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် အလုပ်ကိစ္စ၊ ကိုယ်ရေးကိုယ်တာကိစ္စ စသည့် အချင်းချင်း ဆက်သွယ်ပြောဆိုရမည့် ကိစ္စရပ်များအတွက် အက်ပလီကေးရှင်းအား ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိပါတယ်။
“လွန်ခဲ့တဲ့ ၁၀နှစ်ကစပြီး အခုအချိန်အထိရရှိခဲ့တဲ့ Viber ရဲ့ အောင်မြင်မှုတွေက ကျွန်တော်တို့ Viber ကိုအစဉ်တစ်စိုက်သုံးစွဲတဲ့ သုံးစွဲသူတွေကြောင့်လို့ ကျွန်တော်တို့ အပြည့်အဝယုံကြည်ပါတယ်။ Viber ကို အသုံးပြုပြီး ပြောဆိုခဲ့တဲ့ စာတိုတွေတိုင်းရဲ့ နောက်ကွယ်မှာ လက်တွေ့ဖြစ်ရပ်မှန်တွေရှိပါတယ်။ အဲ့လိုမျိုး ဖြစ်ရပ်မှန်တွေကို အသုံးပြုသူတွေက အချင်းချင်း ဆက်သွယ်ပြောဆိုတဲ့အခါမှာ တစ်စိတ်တစ်ဒေသ အဖြစ်ပါဝင်ခွင့်ရတဲ့အတွက်လဲ ဝမ်းသာမိပါတယ်။ အဲ့လိုမျိုး ပျော်စရာ၊ ရယ်မောစရာ၊ ဒါမှမဟုတ် စိတ်မကောင်းစရာ အခိုက်အတန့်လေးတွေကို ကျွန်တော်တို့ Viber ကို အသုံးပြုပြီး ပြောဆိုတဲ့အခါ ကျွန်တော်တို့အတွက် တစ်ကယ့်ကို ဂုဏ်ယူရပါတယ်။ ကျွန်တော်တို့ကို အားလုံးရဲ့ ဘဝခရီးလမ်းမှာ အတူခေါ်ဆောင်သွားတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောချင်ပြီး ဆက်လက်ပြီးလဲ အတူတကွလက်တွဲသွားဖို့ မျှော်လင့်ပါတယ်။” လို့ Rakuten Viber ၏ Chief Growth Officer ဖြစ်သူ Anna Znamenskaya မှ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သော ၁၀ နှစ် Viber စျေးကွက်ထဲသို့ စတင်ဝင်ရောက်လာချိန်မှစ၍ Viber သည် အခမဲ့ခေါ်ဆိုနိုင်သော VoIP ဝန်ဆောင်မှု၊ အဖွဲ့လိုက် ဗွီဒီယိုဖြင့် ပြောဆိုဆက်သွယ်ခြင်း၊ နှစ်သက်ဖွယ် စတစ်ကာများနှင့် ထိပ်တန်းလုံခြုံရေး protocal များအတွက် အသုံးပြုသူများ၏ အချက်အလက်နှင့် လုံခြုံရေးတို့အား အလေးပေးကာ ဆောင်ရွက်ခဲ့သည်။ ယနေ့တွင် Viber သည် ရုရှား၊ အယ်လ်ဂျီးရီးယား၊ အီရတ်၊ ဘူလ်ဂေးရီးယား၊ ဂရိ၊ ဆားဘီးယား၊ ယူကရိန်း၊ နီပေါ၊ သီရိလင်္ကာနှင့် ဖီလစ်ပိုင် နိုင်ငံများရှိ ပြည်သူများ၏ ဖြစ်ရပ်မှန် ဇာတ်ကြောင်းများအား ရိုက်ကူးထားသည့် ဗွီဒီယိုအတို ၁၄ ပုဒ်အား စီးရီးအဖြစ် တင်ဆက်သွားမှာဖြစ်ပြီး Viber ပေါ်တွင် သူငယ်ချင်းဟောင်းနှင့် တွေ့ဆုံခြင်း၊ ပလက်ဖောင်းမှတစ်ဆင့် အကူအညီတောင်းခံခြင်း စသည်တို့အား အသက်အရွယ်၊ နောက်ခံအနေအထား မတူညီသည့် ဇာတ်လမ်းပုံစံများဖြင့် မြင်တွေ့ရမှာပါ။
Heroes of Viber စီးရီးအစအဆုံးအား https://lp.viber.com/heroes-of-viber/ မှာ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««