Raffles Singapore ၏ 2020 Open House Online Sharing Session ပြုလုပ်မည်

ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်တဲ့ ဒီဇိုင်း သင်ယူမှု အတွေအကြုံတွေကို ရယူလိုတဲ့ အနာဂတ် ဒီဇိုင်းပညာရှင်များ အတွက် Raffles Singapore ရဲ့ 2020 Open House Online Sharing Session ကို နိုဝင်ဘာ ၇ ရက်၊ နံနက် ၈ နာရီခွဲမှ ၄ နာရီအထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။

Sharing Session မှာ အခမ်းအနား မိတ်ဆက်ခြင်းနဲ့ အပြန်အလှန် မျှဝေခြင်း အစီအစဉ်များ ၊ လက်ရှိအောင်မြင်နေတဲ့ ဒီဇိုင်းပညာရှင်များထံမှ အနာဂတ် ဒီဇိုင်နာများ အတွက် စကားသံများ၊ Raffles မှာ သင်ကြားပို့ချပေးလျက်ရှိတဲ့ ဒီဇိုင်းဘာသာရပ်များရဲ့ အရည်အသွေးနဲ့ အနာဂတ် အခွင့်အလမ်းများ အကြောင်း ၊ ကျောင်းဝင်ခွင့်သတ်မှတ်ချက်များ နဲ့ Virtual Guided School Tour အစီအစဉ်တွေ ပါဝင်ပါတယ် ။ ဆွေးနွေးပေးမယ့် သူတွေကတော့ Mr. Danny Lim (CEO of Robbisons), Ms. Kaigin Yong (Supermodel), Mr. Ken Goh (Creative Entrepreneur of Eight Four Digital ၊ Mr. Giuseppe (Joe) Spinelli (Principle of Raffles College of Higher Education) တို့ဖြစ်ပြီး ဒီအစီအစဉ်မှာ ပါဝင်ပြီး ၄ ပတ်အတွင်း ကျောင်းအပ်နှံသူများ အနေနဲ့ ကျောင်းဝင်ကြေး ကင်းလွတ်ခွင့်နဲ့ ကျောင်းလခရဲ့ ၅ ရာခိုင်နှုန်း discount ကို limited programmes များအတွက် လျှောက်ထားနိုင်ခြင်း၊ ပထမဆုံး ကျောင်းအပ်နှံတဲ့ ကျောင်းသားအယောက် ၃၀ အတွက် 300$ ကို Programmes တိုင်းအတွက် ပေးအပ်ခြင်း စတဲ့ အထူးခံစားခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ https://bit.ly/2FeoUe1 မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပြီး အသေးစိတ်ကို MSI Overseas Education ဖုန်း – ၀၉၅၁၀၃၉၁၅ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««