Raffles International College မှ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုပေးအပ်မည်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ ထိပ်တန်းပညာရေးတက္ကသိုလ်ဖြစ်တဲ့ Raffles International College ရဲ့ အောက်တိုဘာလ ကျောင်းဖွင့်ချိန် အတွက် လျှောက်ထားလိုသူတွေအနေနဲ့ ၅၀ ရာခိုင်နှုန်း ပညာသင်ဆုကို လျှောက်ထား တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

အဆိုပါကောလိပ်ရဲ့ ဒီဇိုင်းပညာရပ်ကို တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူမှ စ၍ လျှောက်ထားသင်ယူနိုင်ပြီး ယခု Covid-19 ကြောင့် Raffles International College မှ သင်ကြားပို့ချနေသော Program တွေကို မိမိနေအိမ်မှတစ်ဆင့် Online Learning System နဲ့သင်ယူရမှာ ဖြစ်ပါတယ်။အွန်လိုင်းမှ ဒီဇိုင်းပညာရပ်ကို သင်ယူရခြင်းကြောင့် ပုံကြမ်းဒီဇိုင်းဆွဲဖို့ တစ်ယောက်တည်း ရှိနေချိန်မှာ အကြံဉာဏ်ပိုထွက်ခြင်း ၊ ကျောင်းမှာရှိတဲ့ ပစ္စည်းတွေလို ကန့်သတ်ချက်နဲ့ မဟုတ်ဘဲ မိမိ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုတာ ဖြစ်တဲ့အတွက် ကိုယ်ပိုင် ဖန်တီးမှုစွမ်းရည် ပိုမိုအားကောင်းခြင်း ၊ အွန်လိုင်းသင်ကြားမှုရဲ့ သဘောအရ ကျောင်းသားတွေရဲ့ ဖန်တီးမှုတွေဟာ ဆရာတွေရဲ့ သင်ကြားမှု ဘောင်တစ်ခုထဲမှာ ရှိမနေဘဲ မိမိစိတ်ကြိုက် ဒီဇိုင်းများ ဖန်တီးနိုင်အောင် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ သင်ကြားချပြပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်တယ်လို့သိရပါတယ်။

အသက် ၁၆ နှစ်ပြည့်ပြီးထားတဲ့ IGCSE ‘O’ Level ၊ မြန်မာ (၁၀ တန်း) ၊ GED, IB, SAT ပညာ အရည်အချင်း ရှိထားသူတွေမှစ၍ လျှောက်ထားနိုင်ပြီး Fashion Design, Fashion Marketing and Management, Interior Design, Product Design, Graphic Design, Digital Media Design, Video Game Design (New Program), Entrepreneurship and Small Business Operation, Marketing, tourism and Hospitality Management, Supply Chain and Logistics Operation, Accounting, Finance, Artificial Intelligence, Psychology, Visual Communication Design, Business Administration (Management Specialisation), Business Administration (Marketing Specialisation), Master of Business Administration (MBA) စသဖြင့် ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အချိန် (၃) နှစ်ပေးရုံနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ဒီဂရီကို အချိန်တိုတို နဲ့ရယူနိုင်မယ့် အပြင် တစ်နှစ်ကို ကျောင်းဖွင့်ချိန် (၄) ခု ထားရှိပေးထားတယ်လို့သိရပါတယ်။ ပညာသင်ဆုလျှောက်ထားလိုသူတွေအနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း – ၀၉၅၁၀၃၉၁၅ နဲ့ ၀၉၄၂၀၀၃၇၆၁၆ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ