‘Quotes’ လုပ်ဆောင်ချက်ကို Twitter ထည့်သွင်း

Twitter အနေနဲ့ retweet လုပ်ထားတဲ့ စကားတွေကို ပြန်လည်ကြည့်ရှုရ လွယ်ကူအောင် လုပ်ကိုင်နေပါတယ်။

Twitter အနေနဲ့ အခုတစ်ပတ်မှာ လုပ်ဆောင်ချက် အသစ်တစ်ခုကို စမ်းသပ်နေပါတယ်။ လူတချို့အတွက် tweet အောက်မှာ “Quotes” ဆိုပြီး retweet ပြောစကားကို မြင်ရပြီး retweet အရေအတွက် ဘယ်လောက်ကို မြင်ရမလဲဆိုတာ ဖော်ပြတဲ့ပုံစံနဲ့ ဆင်ပါတယ်။

မေလအတွင်း Twitter က iOS app မှာ ပြောစကား retweet နဲ့ပုံမှန် retweet အကြား ခွဲခြားနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ အခု feature အသစ်ကတော့ ပိုမိုတဲ့ အဆင့်တွေ ပါဝင်လာာပါတယ်။

သုံးစွဲသူတွေ ပိုမို နားလည်လွယ်အောင် ပြောစကား retweet ကို အပြောင်းအလဲပြုလုပ်ဖို့ စမ်းသပ်နေတယ်လို့ Twitter က The Verge ကိုပြောခဲ့ပါတယ်။

Tweet တစ်ခုမှာ retweet ထောင်ပေါင်းများစွာ ရှိရင် အများစုက ပြောစကားတွေ ဖြစ်ပါတယ်။ လူတွေက စကားတွေများစွာ တုံ့ပြန်ပြောဆိုနေကြတာပါ။

-စိုးထက်
Ref: Mashable