Queens College ပညာသင်ဆုအကြောင်း ဆွေးနွေးပွဲ ပြုလုပ်မည်

City University of New York အဖွဲ့ဝင် Queens College မှပေးအပ်မယ့် ပညာသင်ဆုနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်သွားမယ်လို့ Crown Education မှသိရပါတယ်။

ဆွေးနွေးပွဲကို စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ Zoom Application မှတစ်ဆင့် ပြုလုပ်သွားမှာဖြစ်ပါတယ်။

ယူအက်စ်ရဲ့အထင်ကရ New York မြို့မှာ ကျောင်းတက်ချင်တယ်၊ စာသင်စရိတ်သက်သာခွင့်ရချင်တယ်ဆိုတဲ့ မြန်မာကျောင်းသား/သူတွေအတွက် City University of New York – Queens College မှာ သင်ကြားနိုင်မယ့် ဘာသာရပ်တွေ၊ ကျောင်းဝင်ခွင့်အလိုက် လျှောက်ထားနိုင်မယ့် ပညာသင်ဆုအကြောင်းတွေကို ကျောင်းဘက်က တာဝန်ရှိသူနဲ့ အွန်လိုင်းမှာ တိုက်ရိုက်မေးမြန်းနိုင်ဖို့ Crown Education က စီစဉ်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

နှစ်စဉ်နှစ်တိုင်း မြန်မာဆယ်တန်း၊iGCSE ၊ ဆယ့်နှစ်တန်းပညာရေး ပြီးထားတဲ့ နိုင်ငံတကာကျောင်းသား၊ကျောင်းသူပေါင်း၂ သိန်း ၈ သောင်း ဝန်းကျင် ပညာသင်ကြားနေကြတဲ့ Queens College မှာ တစ်နှစ်စာသင်စရိတ် အနေနဲ့ ကန်ဒေါ်လာ ၁၈၀၀၀ ဝန်းကျင်ခန့်သာ ကုန်ကျမှာဖြစ်ပြီး ပညာထူးချွန်သူတွေအတွက် ပညာသင်ဆုတွေ ပေးအပ်နေတယ်လို့ သိရပါတယ်။

Online Sharing Session အတွက် http://bit.ly/crownsep19 မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««