Snapdragon 850 ကို မိတ္ဆက္ေၾကညာလိုက္တဲ့ Qualcomm

[ Zawgyi ]

Qualcomm ဟာ Always Connected Windows 10 PC ေတြအတြက္ ရည္ရြယ္ဖန္တီးထားတဲ့ Snapdragon 850 processor သစ္ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ အဲ့ဒီ PC ေတြမွာ LTE ခ်ိတ္ဆက္မႈနဲ႔ ပိုမိုရွည္ၾကာတဲ့ ဘက္ထရီသက္တမ္းစတဲ့ စမတ္ဖုန္းပံုစံ feature ေတြ ပါဝင္လာမွာျဖစ္ပါတယ္။

Snapdragon 850 ဟာ 1.2 gigabits per second LTE ခ်ိတ္ဆက္မႈ အျမန္ႏႈန္းကို ေထာက္ပံ့ေပးႏိုင္ၿပီး မနားတမ္းသံုးစြဲမႈကို ၂၅ နာရီအထိ ျပဳလုပ္ေစႏိုင္မယ္လို႔ Qualcomm က ေျပာၾကားခဲ့ပါတယ္။ ဒါဟာ ဘက္ထရီကို ရက္အတန္ၾကာအသံုးျပဳႏိုင္မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ ဒီခ်စ္ပ္ဟာ အရင္မ်ိဳးဆက္ေတြထက္ စြမ္းေဆာင္ရည္ ၂၀ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္သလို 3X AI စြမ္းေဆာင္ရည္ကိုလည္း ေထာက္ပံ့ေပးထားတယ္လုိ႔လည္း ဆိုပါတယ္။

ဒီခ်စ္ပ္ဟာ အေျခခံအားျဖင့္ Samsung Galaxy S9 လို စြမ္းေဆာင္ရည္ျမင့္ Android ထုတ္ကုန္ေတြမွာ ပါဝင္တဲ့ Snapdragon 845 ခ်စ္ပ္တစ္ခုျဖစ္ေပမယ့္ PC ေတြမွာ အသံုးျပဳႏုိင္ဖို႔အတြက္ အနည္းငယ္ အဆင့္ျမႇင့္ထားတာျဖစ္ပါတယ္။ Snapdragon 850 ကို စမတ္ဖုန္းေတြမွာ အသံုးျပဳသြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

Snapdragon ခ်စ္ပ္ေတြသံုးထားတဲ့ Always Connected PC ေတြကို ဒီႏွစ္အေစာပိုင္းက Snapdragon 835 နဲ႔ စတင္ျဖန္႔ခ်ိခဲ့ပါတယ္။ Snapdragon 850 နဲ႔မတူတာက အဲ့ဒီခ်စ္ပ္ကို စမတ္ဖုန္းအမ်ားအျပားမွာ အသံုးျပဳထားပါတယ္။

Snapdragon 850 သံုးထားတဲ့ Windows ထုတ္ကုန္ေတြကို ဒီႏွစ္ကုန္ပိုင္းမွာ ရရိွႏိုင္မယ္လို႔ Qualcomm က ေျပာပါတယ္။ Samsung ဟာ Snapdragon 850 သံုးထားတဲ့ PC တစ္မ်ိဳး ဖန္တီးေနသလို Microsoft နဲ႔ Dell တို႔ကလည္း အဆိုပါခ်စ္ပ္သံုးထားတဲ့ ေခါက္စမတ္ဖုန္း/laptop hybrid ကို ျဖန္႔ခ်ိဖုိ႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

လက္ရိွမွာ Asus, Lenovo နဲ႔ HP တို႔က Snapdragon 835 processor သံုးထားတဲ့ Always Connected Windows 10 PC ေတြကို ေစ်းကြက္ထဲျဖန္႔ခ်ိထားပါတယ္။

-ေနာင္ေနာင္
Ref: AndroidAuthority

[ Unicode ]

Qualcomm ဟာ Always Connected Windows 10 PC တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ Snapdragon 850 processor သစ်ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲ့ဒီ PC တွေမှာ LTE ချိတ်ဆက်မှုနဲ့ ပိုမိုရှည်ကြာတဲ့ ဘက်ထရီသက်တမ်း စတဲ့ စမတ်ဖုန်းပုံစံ feature တွေ ပါဝင်လာမှာဖြစ်ပါတယ်။

Snapdragon 850 ဟာ 1.2 gigabits per second LTE ချိတ်ဆက်မှု အမြန်နှုန်းကို ထောက်ပံ့ပေးနိုင်ပြီး မနားတမ်းသုံးစွဲမှုကို ၂၅ နာရီအထိ ပြုလုပ်စေနိုင်မယ်လို့ Qualcomm က ပြောကြားခဲ့ပါတယ်။ ဒါဟာ ဘက်ထရီကို ရက်အတန်ကြာအသုံးပြုနိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီချစ်ပ်ဟာ အရင်မျိုးဆက်တွေထက် စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်သလို 3X AI စွမ်းဆောင်ရည်ကိုလည်း ထောက်ပံ့ပေးထားတယ်လို့လည်း ဆိုပါတယ်။

ဒီချစ်ပ်ဟာ အခြေခံအားဖြင့် Samsung Galaxy S9 လို စွမ်းဆောင်ရည်မြင့် Android ထုတ်ကုန်တွေမှာ ပါဝင်တဲ့ Snapdragon 845 ချစ်ပ်တစ်ခုဖြစ်ပေမယ့် PC တွေမှာ အသုံးပြုနိုင်ဖို့အတွက် အနည်းငယ် အဆင့်မြှင့်ထားတာဖြစ်ပါတယ်။ Snapdragon 850 ကို စမတ်ဖုန်းတွေမှာ အသုံးပြုသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

Snapdragon ချစ်ပ်တွေသုံးထားတဲ့ Always Connected PC တွေကို ဒီနှစ်အစောပိုင်းက Snapdragon 835 နဲ့ စတင်ဖြန့်ချိခဲ့ပါတယ်။ Snapdragon 850 နဲ့မတူတာက အဲ့ဒီချစ်ပ်ကို စမတ်ဖုန်းအများအပြားမှာ အသုံးပြုထားပါတယ်။

Snapdragon 850 သုံးထားတဲ့ Windows ထုတ်ကုန်တွေကို ဒီနှစ်ကုန်ပိုင်းမှာ ရရှိနိုင်မယ်လို့ Qualcomm က ပြောပါတယ်။ Samsung ဟာ Snapdragon 850 သုံးထားတဲ့ PC တစ်မျိုး ဖန်တီးနေသလို Microsoft နဲ့ Dell တို့ကလည်း အဆိုပါချစ်ပ်သုံးထားတဲ့ ခေါက်စမတ်ဖုန်း/laptop hybrid ကို ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ Asus, Lenovo နဲ့ HP တို့က Snapdragon 835 processor သုံးထားတဲ့ Always Connected Windows 10 PC တွေကို စျေးကွက်ထဲဖြန့်ချိထားပါတယ်။

-နောင်နောင်
Ref: AndroidAuthority