QR Code Scan ျဖင့္ ပုဂံဘုရားမ်ား၏ သမိုင္းေၾကာင္းမ်ားကိုေလ့လာႏိုင္မည္

[Zawgyi]

ပုဂံဘုရားမ်ားရဲ႕ သမိုင္းေၾကာင္းနဲ႔ အခ်က္အလက္ေတြကို QR Code Scan ဖတ္ကာ ေလ့လာ ႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။

ျမန္မာႏိုင္ငံကြန္ပ်ဴတာတကၠသိုလ္နဲ႔ ထိုင္းႏိုင္ငံ Nation Electronics and Computer Technology Cneter (NECTEC) တို႔ပူးေပါင္းၿပီးေတာ့ အဲ့ဒီစနစ္ကိုျပဳလုပ္ျခင္းျဖစ္ကာ ယဥ္ေက်းမႈအ ေမြအႏွစ္ေဒသေတြမွာ သတင္းအခ်က္ေတြကိုအလြယ္တကူရႏိုင္ဖို႔ရည္ရြယ္ေၾကာင္း ေရွးေဟာင္းသု ေတသနနဲ႔အမ်ိဳးသားျပတိုက္ဦးစီးဌာနက ပုဂံဌာနခြဲဦးစီးအရာရွိျဖစ္သူ ဦးၿဖိဳးျပည့္ကိုကိုက ေျပာၾကား ခဲ့ပါတယ္။ 

“အခုကဒီစနစ္ကိုယာယီလုပ္ေဆာင္ေနတာျဖစ္ပါတယ္၊ Playstore ကေန Museum Pool Application ကုိေဒါင္းလုဒ္လုပ္ၿပီး QR Code Scan ဖတ္ကာ ဘုရားသမိုင္းေၾကာင္းေတြကိုေလ့လာႏိုင္ မွာပါ၊ ဒီလိုေလ့လာတဲ့အခါမွာ ျမန္မာလိုေလ့လာႏိုင္သလို အဂၤလိပ္လိုလည္း ေလ့လာႏိုင္ေအာင္လုပ္ ေပးထားပါတယ္၊ ယာယီျဖစ္တဲ့အတြက္ ေလာေလာဆယ္ ပုဂံကဘုရားအဆူ ၂၀ မွာဒီစနစ္ကိုစတင္ ေနပါၿပီ” လို႔ ၎ကဆက္ေျပာပါတယ္။
ၾသဂုတ္ ၃ ရက္ကစတင္ကာ QR Code ေတြကိုဘုရာအဆူေပါင္း ၂၀ မွာစိုက္ထူထားေၾကာင္း၊ ဘုရာသမိုင္းေၾကာင္းအခ်က္အလက္ေတြကို ပိုျပည့္စံုစြာေဖာ္ျပႏိုင္ဖို႔နဲ႔ သတင္းအခ်က္အလက္ေတြကို အခ်ိန္နဲ႔တေျပးညီျဖစ္ေစဖို႔အတြက္ျပဳလုပ္သြားမွာေၾကာင္း၊ ေနာက္ထပ္ ဘုရားအဆူ ၄၄ ဆူကိုလည္း QR Code Scan ေတြထပ္မံစိုက္ထူသြားဖို႔အတြက္စီစဥ္ေနေၾကာင္း၎ကထပ္မံေျပာၾကားပါတယ္။

အဲ့ဒီ QR စနစ္ကို ပုဂံဘုရားမ်ားျဖစ္တဲ့ သဗၺညဳဘုရား၊ သက်မုနိဘုရား၊ ကန္ေတာ့ပလႅင္ဘုရား၊ ျပသာဒ္ႀကီးဘုရား၊ နရသီဟပေတ့ဘုရား၊ မဟာေဗာဓိဘုရား၊ ဗူးလည္သီးဘုရား၊ ဓမၼရာဇိကဘုရား၊ သဗၺဴလဘုရား၊ စူဠာမဏီဘုရား၊ ေစတနာႀကီးဘုရား၊ ဓမၼရံႀကီးဘုရား၊ အာနႏၵာဘုရား၊ ကုန္းေတာ္ႀကီး ဘုရား၊ ေရႊဂူႀကီးဘုရား၊ ဗူးဘုရား၊ ရွင္အဇၩေကာဏဘုရားနဲ႔ မႏူဘုရားစတဲ့ေနရာေတြမွာ QR Code Scan ျဖင့္ေလ့လားႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။

[Unicode]

ပုဂံဘုရားများရဲ့ သမိုင်းကြောင်းနဲ့ အချက်အလက်တွေကို QR Code Scan ဖတ်ကာ လေ့လာ နိုင်မှာဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာတက္ကသိုလ်နဲ့ ထိုင်းနိုင်ငံ Nation Electronics and Computer Technology Cneter (NECTEC) တို့ပူးပေါင်းပြီးတော့ အဲ့ဒီစနစ်ကိုပြုလုပ်ခြင်းဖြစ်ကာ ယဉ်ကျေးမှုအ မွေအနှစ်ဒေသတွေမှာ သတင်းအချက်တွေကိုအလွယ်တကူရနိုင်ဖို့ရည်ရွယ်ကြောင်း ရှေးဟောင်းသု တေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနက ပုဂံဌာနခွဲဦးစီးအရာရှိဖြစ်သူ ဦးဖြိုးပြည့်ကိုကိုက ပြောကြား ခဲ့ပါတယ်။

“အခုကဒီစနစ်ကိုယာယီလုပ်ဆောင်နေတာဖြစ်ပါတယ်၊ Playstore ကနေ Museum Pool Application ကိုဒေါင်းလုဒ်လုပ်ပြီး QR Code Scan ဖတ်ကာ ဘုရားသမိုင်းကြောင်းတွေကိုလေ့လာနိုင် မှာပါ၊ ဒီလိုလေ့လာတဲ့အခါမှာ မြန်မာလိုလေ့လာနိုင်သလို အင်္ဂလိပ်လိုလည်း လေ့လာနိုင်အောင်လုပ် ပေးထားပါတယ်၊ ယာယီဖြစ်တဲ့အတွက် လောလောဆယ် ပုဂံကဘုရားအဆူ ၂၀ မှာဒီစနစ်ကိုစတင် နေပါပြီ” လို့ ၎င်းကဆက်ပြောပါတယ်။
သြဂုတ် ၃ ရက်ကစတင်ကာ QR Code တွေကိုဘုရာအဆူပေါင်း ၂၀ မှာစိုက်ထူထားကြောင်း၊ ဘုရာသမိုင်းကြောင်းအချက်အလက်တွေကို ပိုပြည့်စုံစွာဖော်ပြနိုင်ဖို့နဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီဖြစ်စေဖို့အတွက်ပြုလုပ်သွားမှာကြောင်း၊ နောက်ထပ် ဘုရားအဆူ ၄၄ ဆူကိုလည်း QR Code Scan တွေထပ်မံစိုက်ထူသွားဖို့အတွက်စီစဉ်နေကြောင်း၎င်းကထပ်မံပြောကြားပါတယ်။

အဲ့ဒီ QR စနစ်ကို ပုဂံဘုရားများဖြစ်တဲ့ သဗ္ဗညုဘုရား၊ သကျမုနိဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ပြသာဒ်ကြီးဘုရား၊ နရသီဟပတေ့ဘုရား၊ မဟာဗောဓိဘုရား၊ ဗူးလည်သီးဘုရား၊ ဓမ္မရာဇိကဘုရား၊ သဗ္ဗူလဘုရား၊ စူဠာမဏီဘုရား၊ စေတနာကြီးဘုရား၊ ဓမ္မရံကြီးဘုရား၊ အာနန္ဒာဘုရား၊ ကုန်းတော်ကြီး ဘုရား၊ ရွှေဂူကြီးဘုရား၊ ဗူးဘုရား၊ ရှင်အဇ္ဈကောဏဘုရားနဲ့ မနူဘုရားစတဲ့နေရာတွေမှာ QR Code Scan ဖြင့်လေ့လားနိုင်မှာဖြစ်ကြောင်းသိရပါတယ်။