QCY Wireless earbud T6

ဂိမ်းကစားသူတွေ အကြိုက်တွေ့စေမယ့် အသံထွက်ကောင်းကောင်းနဲ့ QCY Wireless earbud T6 ဖြစ်ပါတယ်။ Game mode ပါဝင်တာမို့ game အတွက် အဆင်ပြေမယ့် အသံအနေအထားကို အလိုအလျောက် ချိန်ညှိပေးသွားနိုင်မှာဖြစ်ပါတယ်။ အသံအရည်အသွေးက HD stereo/mono performance ရရှိနိုင်တာမို့ အရည်အသွေးပိုင်း လုံးဝကောင်းမွန်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ Game mode ကို ဖွင့်ဖို့အတွက် ညာဘက် earbud ကို သုံးခါ tap လုပ်ပေးတာနဲ့ သုံးနိုင်တာကြောင့် လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Bluetooth 5.0 နဲ့ဖြစ်ပါတယ်။ Touch control နဲ့ voice assistant ထောက်ပံ့ပေးထားပြီ း IPX4 waterproof ဖြစ်လို့ ချွေးလုံပါတယ်။ ဆူညံသံတွေ ပယ်ဖျောက်ပေးတဲ့ Noise canceling စနစ်လည်း ထောက်ပံ့ပေးထားပါတယ်။

ဘက်ထရီအနေနဲ့ နားကြပ်မှာ 60 mAh , Charger Case မှာ 380 mAh ဘက်ထရီထောက်ပံ့ပေးထားတဲ့အတွက် နားကြပ်ကို ခြောက်နာရီဆက်တိုက် အသုံးပြုနိုင်သလို Charger Case နဲ့လည်း ဆက်တိုက် အားပြန်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Interface အနေနဲ့ Micro USB ထောက်ပံ့ပေးထားပါတယ်။ တန်ဖိုးက ၃၂,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄၊ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူ နိုင်ပါတယ်။

-ကျော်ဇေယျ