
Facebook ဟာ Group တွေအတွက် feature များစွာကို ထောက်ပံ့လိုက်ပါတယ်။ တစ်လမှာ Facebook ပေါ်က Group သုံးစွဲသူ ၁.၈ ဘီလျံ ရှိပါတယ်။ Group ဖန်တီးနိုင်တဲ့ လုပ်ဆောင်ချက်ကိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က စတင်ဖြန့်ချိခဲ့ပါတယ်။ Facebook ပေါ်က စိတ်ဝင်စားစရာ အကောင်းဆုံး လုပ်ဆောင်ချက်ထဲက တစ်ခု ဖြစ်ပါတယ်။
Facebook ဟာ ပလက်ဖောင်းပေါ်မှာ public group တွေက ဆွေးနွေးမှုတွေကို ဖော်ပြပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သုံးစွဲသူက post ဒါမှမဟုတ် လင့်ခ်ကို ဝေမျှလိုက်ရင် group တွေက သက်ဆိုင်တဲ့ ဆွေးနွေးမှုကို မြင်နိုင်ပါမယ်။ တကယ်လို့ group အဖွဲ့ဝင်မဟုတ်လည်း share ထားရင် မြင်နိုင်ပါတယ်။
ဆွေးနွေးမှုတွေကလည်း Group tab ထဲမှာ ပေါ်လာပါမယ်။ ဒါ့အပြင် search engine တွေက Facebook Group ဆွေးနွေးမှုကို အညွှန်းနဲ့ပြပေးပါမယ်။
-စိုးထက်
Ref: Engadget
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««