PUBG MOBILE Pro League SEA Final Season 2 ပြိုင်ပွဲသို့ Yangon Galacticos မှ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည်

အရှေ့တောင်အာရှဒေသအတွင်းမှာ PUBG MOBILE ရဲ့ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ PMPL (PUBG MOBILE Pro League) SEA Finals Season 2 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Yangon Galacticos အသင်းမှ ဒုတိယအကြိမ် အဖြစ် ယှဥ်ပြိုင်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ PUBG MOBILE ရဲ့ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့အပြင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိတဲ့ ဆုကြေးငွေတွေကိုလည်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

PUBG MOBILE Myanmar Championship 2020 Season 2 ရဲ့ ထိပ်ဆုံး ၄ နေရာမှာ ရပ်တည်ခဲ့သော အသင်းတွေဖြစ်တဲ့ OriginalGamers, Xcripted IO, Yangon Galacticos နဲ့ Team Xcripted တို့ဟာ PMCO SEA Wildcard Finals အဆင့်မှာ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားမှ လက်ရည်စစ်ပွဲ အောင်မြင်လာသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့မှာ PMCO SEA Wildcard Finals အဆင့်အတွက် စက်တင်ဘာလက အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ PMCO SEA Wildcards အဆင့် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံမှ ထိပ်သီးအသင်း ၄ သင်းထဲမှာ ပါဝင်ခဲ့တဲ့ Yangon Galacticos အဖွဲ့မှ ဒုတိယနေရာကို ရရှိခဲ့ပြီး ဖိလစ်ပိုင်း အသင်း (၂) သင်းဖြစ်တဲ့ Iconic PH , All-Star Team Puyat တို့နဲ့အတူ PMPL (PUBG MOBILE Pro League) SEA Finals အဆင့်ကို ဒုတိယအကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

PMPL SEA Finals Season 2 ပြိုင်ပွဲကို အောက်တိုဘာ ၂၃ ရက် မှ ၂၅ ရက်အထိ မြန်မာစံတော်ချိန် နေ့လယ် ၂ နာရီခွဲ အချိန်မှ စတင်ကျင်းပသွားမှာ ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်မှုတွေကို PUBG MOBILE (MM) Facebook Page http://www.fb.com/PUBGMOBILE.MM.OFFICIAL မှ တစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««