PUBG MOBILE Myanmar မှ Creator Challenge ပြိုင်ပွဲ ကျင်းပ

PUBG MOBILE မှ နာမည်ကြီး အနုပညာရှင်တွေနဲ့ ထိပ်တန်း Streamer တွေ ပါဝင်ဆော့ကစားမယ့် Creator Challenge ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နာမည်ကြီး Streamer များနဲ့ အတူ အနုပညာရှင်များဖြစ်တဲ့ ကယ်လ်ဗင်ကိတ်၊ မြတ်အမရာမောင်နဲ့ Fool Ever Young မှ JakeHub တို့ ပါဝင်ယှဉ်ပြိုင် ကစားကြမှာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၁၄ သင်းမှာ နာမည်ကြီး Streamer များ ပါဝင်တဲ့ အသင်းများဖြစ်ကာ ကျန် ၂ သင်းမှာ တိုက်ရိုက်ဖိတ်ခေါ်ထားတဲ့ အနုပညာရှင်များ ပါဝင်တဲ့ ၂ သင်း ဖြစ်ပါတယ်။

“Creator Challenge ဆိုတာက PUBG Mobile Myanmar ရဲ့ Community နဲ့အတူ ပူးပေါင်းပါဝင်ဆော့ကစားကြတဲ့ Challenge တစ်ခုပါပဲ။ လူတိုင်းနှစ်သက်အားပေးကြတဲ့ Streamer တွေ၊ ကစားသမားတွေနဲ့ Idols တွေ အတူတူဆော့ကစားကြတဲ့ ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်” လို့ PUBG MOBILE ကုမ္ပဏီ Tencent Thailand ရဲ့ Head of Gaming Operations ဖြစ်သူ Mr. Andrew ကပြောပါတယ်။

ပြိုင်ပွဲကို Signature Streetwear နဲ့ TECNO MOBILE မှ ပံ့ပိုးကူညီပေးထားခြင်း ဖြစ်ပြီး တစ်ပတ်လျှင် ၄ ရက်ဖြင့် ၃ ပတ် ကြာအောင် ကျင်းပပြုလုပ်မှာဖြစ်ကာ ၁ ရက်လျှင် ၃ ပွဲနှုန်းနဲ့ ကစားမှာ ဖြစ်ပါတယ်။ ၃ ပွဲတွင် ၂ ပွဲမှာ ပုံမှန်စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ကျန်တစ်ပွဲမှာ ပုံမှန်နဲ့ ကွဲပြားတဲ့ Hard Core Mode တို့ဖြင့် ယှဉ်ပြိုင်ကစားရမှာပါ။ ပြိုင်ပွဲဝင် အသင်းပေါင်း ၁၆ သင်း ပါဝင်မှာဖြစ်ပြီး ၁ သင်းလျှင် ၄ ယောက်နှုန်းဖြင့် စုစုပေါင်းပြိုင်ပွဲဝင် ၆၄ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကာ ပြိုင်ပွဲကို အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တိုင်း ညနေ ၆ နာရီမှ ၉ နာရီအတွင်း PUBG MOBILE Myanmar Page မှာ သုံးပတ်ကြာအောင် Live ပြသသွားမှာပါ။

Creator Challenge ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်များ အားလုံးကို PUBG MOBILE ရဲ့ Official Facebook စာမျက်နှာ http://www.fb.com/PUBGMOBILE.MM.OFFICIAL မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««