PUBG MOBILE နှင့် BLACKPINK တို့ ပူးပေါင်း

PUBG MOBILE နဲ့ BLACKPINK တို့ ပူးပေါင်းလိုက်တဲ့အတွက် PUBG MOBILE မှာ ကစားသမားတွေအနေနဲ့ အထူးပြုလုပ်ထားတဲ့ Game Items တွေ၊ Visuals တွေ၊ Lobby Music နဲ့ BLACKPINK Support Events တွေကို တွေ့ကြုံရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်မှစပြီး အောက်တိုဘာ ၂ ရက်အထိ PUBG MOBILE ကစားသူတွေအနေနဲ့ BLACKPINK ရဲ့ မကြာသေးမီက ထွက်ရှိခဲ့တဲ့ နာမည်ကြီး “How You Like That” သီချင်းကို Game Lobby မှာ စတင် ဝင်ရောက် နားဆင်နိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် ကစားသူတွေအနေနဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ အသစ်ထွက်ရှိလာမယ့် BLACKPINK ရဲ့ “The Album” အမည်ရှိ သီချင်းအယ်လ်ဘမ်ကိုလည်း ထွက်ရှိတာနဲ့ တစ်ပြိုင်နက် Game Lobby ထဲမှာ နားဆင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုသောအားဖြင့် PUBG MOBILE မှာ အထူးပြုလုပ်ထားတဲ့ Item တွေနဲ့ Visual တွေကို ထည့်သွင်းပေးထားပြီး ကစားသူတွေအနေနဲ့ ဂိမ်းထဲမှာ BLACKPINK ရဲ့ အထင်ကရ စတိုင်များကို တွေ့ကြုံခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခြားသော စိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေကိုလည်း များစွာပြုလုပ်ပေးထားပြီး BLACKPINK Collaboration Event နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို PUBG MOBILE ရဲ့ တရားဝင် Facebook, Twitter နဲ့ Instagram တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««