PUBG Mobile ဒေါ်လာ ၂ သန်းတန် ပြိုင်ပွဲ ပြုလုပ်ဖို့ စီစဉ်

Playerunknown’s Battlegrounds ဟာ ဂိမ်းစက်နဲ့ ကွန်ပျူတာပေါ်မှာ ကစားတာ နည်းပါးပေမယ့် မိုဘိုင်းဗားရှင်းကတော့ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ အောင်မြင်မှုအရှိဆုံး battle royale ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ PUBG မိုဘိုင်းဂိမ်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ဖို့ 1.0 update ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာလမှာ ဆုကြေးငွေ ဒေါ်လာ ၂ သန်းရှိမယ့် esports ပြိုင်ပွဲကိုလည်း ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

Tencent ကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ PUBG Mobile အဖွဲ့က 1.0 update ကို စက်တင်ဘာ ၈ ရက်မှာ ဖြန့်ချိမယ်လို့ ပြောထားပါတယ်။ ဂိမ်းရဲ့ frame rate ကို ၃၀ ရာခိုင်နှုန်း မြှင့်တင်ပြီး lag ဖြစ်မှုကိုတော့ ၇၆ ရာခိုင်နှုန်း လျှော့ချပေးမယ်လို့ သိရပါတယ်။ ဂိမ်းရဲ့ ရုပ်ထွက်ပိုင်း၊ ဒီဇိုင်းပိုင်းကိုလည်း ပြင်ဆင်ထားပါတယ်။

နိုဝင်ဘာလက စတင်ပြီး PUBG Mobile ရဲ့ esports ပြိုင်ပွဲကို World League နဲ့ World Championship ပွဲပေါင်းစပ်ပြီး PUBG Mobile Global Championship လို့ခေါ်သွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲအတွင်း အမေရိက၊ ဥရောပ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ တရုတ်က ပရိုကစားသမားများစွာ ပါဝင်ပါတယ်။ ပြိုင်ပွဲ စုစုပေါင်း ဆုကြေးငွေက ဒေါ်လာ ၂ သန်းအထိ ရှိပါတယ်။

စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««