PSB Academy Singapore ၏ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

PSB Academy Singapore မှ ပညာရေးဆွေးနွေးပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့များမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၄ ရက်၊ ညနေ ၃ နာရီမှ ၅ နာရီအထိ Novotel Hotel (Mandalay Room) မှာလည်းကောင်း၊ စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ Mandalay Swam Hotel (Yadanar Room) မှာလည်းကောင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ University of Wollongong မှ International and Marketing ဌာန၏ Senior Manager ဖြစ်သူ Victoria Robinson မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ၊ IGCSE အောင်မြင်ထားသူများနဲ့ တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိထားသူများအတွက် အသက်မွေးဝမ်းကျောင်းရွေးချယ်ရန် ဘာသာရပ်များအကြောင်း၊ PSB Academy နှင့်ချိတ်ဆက်ထားသည့် Partner University များအကြောင်း၊ PSB Academy Singapore တွင် ပညာသင်ယူနေသည့်ကျောင်းသူ၊ ကျောင်းသားများ၏ Students Life အကြောင်း၊ ဘာကြောင့် အင်ဂျင်နီယာဘာသာရပ်ကို PSB Academy တွင်လေ့လာသင့်သလဲ၊ နည်းပညာပိုင်းဆိုင်ရာတွင်ခေတ်မီသည့် အင်ဂျင်နီယာလက်တွေ့စမ်းသပ်ခန်းများအကြောင်း၊ သင်ကြားမှုအပိုင်းကိုအခြေခံသည့် စီမံကိန်းများအကြောင်း၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်ရန် လိုအပ်သည့် အချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို ဆွေးနွေး ပေးသွားမှာပဲဖြစ်ပါတယ်။

မြန်မာအစိုးရ (၉) တန်း၊ (၁၀) တန်း အောင်မြင်ပြီးသူများ ၊ IGCSE အောင်မြင်ထားသူများ၊ HND , ACCA , ABE ဒီပလိုမာတန်း ပြီးထားသူများ ၊ တက္ကသိုလ် တက်ရောက်နေသူများ ၊ ဘွဲ့ရပြီးသူများ ၊ AGTI ,BTech, BE အောင်မြင်ထားသူများ၊ နိုင်ငံခြားပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို စိတ်ဝင်စားသူများ အားလုံး မည်သူမဆို အခမဲ့ လာရောက်ဆွေးနွေးနိုင်ပြီး ကြိုတင်စာရင်းပေးသွင်းလိုပါက STUDY ABROAD Information Centre (ရန်ကုန်ရုံး) ဖုန်း (၀၉) ၅၁၅၁ ၀၀၈ နဲ့ (မန္တလေးရုံး) ဖုန်း (၀၉) ၄၂၀၀ ၉၉၉၉ ၇ မှာ စာရင်းပေးသွင်း တက်ရောက် နိုင်ပါတယ်။