PSB Academy ၏ Career Conference ပြုလုပ်မည်

PSB Academy မှ Supercharge My Career: Breakthrough to Success ခေါင်းစဉ်ဖြင့် Career Conference ပြုလုပ်သွားမှာဖြစ်တယ်လို့ MSI ပညာရေးဝန်ဆောင်မှုမှ သိရပါတယ်။

ဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၁ ရက်၊ နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီခွဲအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဘွဲ့ရပြီး လူသိနည်းတဲ့ ဈေးကွက်ထဲမှာ တာဝန်ထမ်းဆောင်နေရတဲ့ လူငယ်တွေအတွက် ဈေးကွက် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ရုန်းထွက်နိုင်မယ့် နည်းလမ်းကောင်းတွေ၊ Interview တွေ ဖြေဆိုတဲ့အခါ ကိုယ့်ကို သတိထားမိပြီး အလုပ်ခန့်စေဖို့ရော ဘာနည်းလမ်းကောင်းတွေရှိမလဲ၊ အခုထိ အလုပ်ရဖို့ ခက်ခဲနေသလား၊ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်လာတာနဲ့အမျှ မြန်မာနိုင်ငံမှာ ဘွဲ့ဒီဂရီတစ်ခု (သို့) နိုင်ငံခြား ဘွဲ့ဒီဂရီတစ်ခု ရှိထားတဲ့ ဘွဲ့ရကျောင်းသားတွေမှာ ကျောင်းဆက်တက်ရမလား၊ ဘာဆက်လုပ်သင့်လဲ အစရှိတာတွေကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ Phyllis Yap, Head Caretitude (A Division of CTES Consulting PTE LTD), Neel Sapre (International Growth Strategist (PSB Alumnus) GOOGLE), Sharon Yeo (Co-Founder Talenttribe Asia ), Andrew Tan (Country Lead Wantedly Singapore), Alby Yeo (Head, Talent Acquisition Prudential Assurance Company Singapore ) တို့က ဆွေးနွေးပေးသွားမှာပါ။ တက်ရောက်လိုသူတွေ အနေနဲ့ http://bit.ly/smcvirtual2020 မှာစာရင်းပေးသွင်း တက်ရောက်နိုင်ပြီး MSI Overseas Education ဖုန်း – ၀၉၅၁၀၃၉၁၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««