PSB Academy မှ နိုဝင်ဘာလ ကျောင်းဖွင့်ချိန် အတွက် ပညာသင်ထောက်ပံ့ကြေး စင်ကာပူဒေါ်လာ ၇၆၇၅ ပေးအပ်မည်

PSB Academy မှ နိုဝင်ဘာလ ကျောင်းဖွင့်ချိန် အတွက် ကျောင်းလျှောက်သူတွေကို စင်ကာပူဒေါ်လာ ၇၆၇၅ ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမယ်လို့ သိရပါတယ်။

ပညာသင်ထောက်ပံ့ကြေးကတော့ နိုဝင်ဘာ ကျောင်းဖွင့်ချိန် တစ်ခုတည်းအတွက်သာ ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေးကို GST (အခွန်) ပါပြီးသား ကျောင်းလခထဲမှ နုတ်ပေးမှာဖြစ်ကာ Textbook, Student Development, Application နဲ့ Miscellaneous Fees တွေမပါဝင်ဘူးလို့ သိရပါတယ်။

PSB MBA Program မှာတော့ modules တွေဖြစ်တဲ့ Strategic Management, Marketing in Global Age, Managerial Finance, Leading in a Changing World, Project Management, Corporate Social Responsibility, Managing International Trade, Global HRM Strategies နဲ့ Entrepreneurship : Creating a Business Opportunity တို့ကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ပညာသင်ထောက်ပံ့ကြေးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားကာ MSI Yangon (Head) Office : ဖုန်း – ၀၉၅၁၀၃၉၁၅ နဲ့ ၀၉၄၂၀၀၃၇၆၁၆ ကို ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««