PS5 Digital Edition ကြိုတင်မှာယူမှု နည်းပါး

Sony ဟာ PS5 ဂိမ်းစက် ၂ မျိုး မိတ်ဆက်ပြီးနောက် စက်တင်ဘာ ၁၆ ရက်ကစပြီး ကြိုတင်မှာယူခွင့် ပြုလိုက်ပါတယ်။ လက်လီရောင်းချသူတွေက PS5 Digital Edition ဂိမ်းစက် အရေအတွက်အနည်းငယ်ကိုပဲ မှာယူကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အမေရိကန်က GameStop ဆိုင် ၉ နေရာအတွက် PS5 ဂိမ်းစက် မှာယူမှုအရ Digital Edition ကိုတော့ ၂၄ ရာခိုင်နှုန်း မှာယူပြီး Standard Edition ကိုတော့ ၇၆ ရာခိုင်နှုန်း အထိ မှာယူခဲ့တယ်လို့ Ars Technica ကအတည်ပြုပါတယ်။

စတိုးတစ်ခုချင်းစီက တည်နေရာအလိုက် ဂိမ်းစက်မှာယူမှု အရေအတွက် ကွာခြားနိုင်ပါတယ်။ တချို့ကတော့ PS5 Digital Edition မှာယူမှုကို ၁၃ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြောထားသလို အခြားလူတွေက ၃၃ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

-စိုးထက်
Ref: IGN

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««