PS5 မိတ်ဆက်ပွဲကို Sony ရွှေ့ဆိုင်း

Sony က ဆန္ဒပြသမှုတွေ ဖြစ်ပွားနေတာကြောင့် ဇွန် ၄ ရက်မှာ ပြုလုပ်မယ့် PlayStation 5 ပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။

“ကမ္ဘာတစ်ဝန်း ဂိမ်မာတွေ PS5 ဂိမ်းကို မြင်တွေ့ဖို့ စိတ်လှုပ်ရှားနေတာ ကျွန်တော်တို့ နားလည်ပါတယ်။ အခုအခါက အောင်ပွဲခံဖို့ အချိန်လို့ ကျွန်တော်တို့ မခံစားမိပါဘူး” လို့ Sony က Twitter မှာရေးသားခဲ့ပါတယ်။

Sony က မီနီဆိုးတားပြည်နယ်မှာ ဖြစ်ပွားတဲ့ ဂျော့ဖလွိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြောခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ ကမ္ဘာတစ်လွှားမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။ Sony အနေနဲ့ PS5 ဂိမ်းတွေကို ဇွန် ၄ ရက်မှာ မိတ်ဆက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီနှစ် အားလပ်ရက်မှာ PlayStation 5 ဖြန့်ချိတဲ့အခါ လူတွေ ကစားမယ့်ဂိမ်းတချို့ကို နာရီပေါင်းများစွာကြာတဲ့ ပွဲမှာ ပထမဆုံးအကြိမ် မြင်တွေ့ရမယ်လို့ Sony က ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကိုတော့ ရွှေ့ဆိုင်းလိုက်ပါတယ်။အမေရိကန်က မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေများစွာ ဖြစ်ပေါ်ခဲ့ပြီး ရဲတွေရဲ့ ရက်စက်မှုကြောင့် လူတွေက အံ့အားသင့်ခဲ့ရပါတယ်။

ဖလွိုက်သေဆုံးပြီးနောက် ပြီးခဲ့တဲ့အပတ်အတွင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြမှုကလည်း အလွန်အရှိန်မြင့်တက်လာပါတယ်။ အမေရိကန်သမ္မတက အကြမ်းဖက်မှု အမွှမ်းတင်ဖို့အတွက် လုယက်မှုနဲ့ပတ်သက်တဲ့ tweet ကို Twitter ကသတိပေးခဲ့ပါတယ်။

စိုးထက်
Ref: TheVerge