PS5 နဲ့ Xbox Series X မှာ ကစားနိုင်မယ့် Marvel’s Avengers ဂိမ်း

Marvel’s Avengers ဂိမ်းကို E3 ပွဲမှာ မိတ်ဆက်တုန်းက အငြင်းပွားဖွယ်ကိစ္စတွေ ဖြစ်ပွားခဲ့ပါတယ်။ Marvel’s Avengers ဂိမ်းက ပရိသတ်တွေ သိထားတဲ့ လူတွေ မပါလို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂိမ်းကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

Marvel’s Avengers ဂိမ်းက PS4 နဲ့ Xbox One တို့မှာ ထွက်ရှိပါမယ်။ ဒါ့အပြင် ဒီနှစ်အားလပ်ရက်ရာသီ အတွင်း PS5 နဲ့ Xbox Series X မျိုးဆက်သစ်ဂိမ်းစက်တွေအတွက် လည်း ဖြန့်ချိသွားပါမယ်။ Marvel’s Avengers ကို စက်တင်ဘာ ၄ ရက်မှာ ဖြန့်ချိဖို့ စီစဉ်ထားတာပါ။ မျိုးဆက်သစ်ဂိမ်းစက်တွေမှာ ကစားဖို့ဆိုရင် လအနည်းငယ် ဆက်လက်စောင့်ဆိုင်းရပါမယ်။
PS4 ပေါ်မှာ ဝယ်ထားတဲ့ဂိမ်းတွေကို PS5 မှာအခမဲ့ကစားနိုင်မယ်လို့ Sony ကကြေညာထားပါတယ်။ Marvel’s Avengers ကိုဖန်တီးတဲ့ Crystal Dynamics ကနည်းပညာအကြီးအကဲ ဂယ်ရီစနီသန်ကတော့ PlayStation ဘလော့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“Crystal Dynamics မှာ ကျွန်တော်တို့က ဂိမ်မာတွေ ဖြစ်ပြီး ဂိမ်မာ စိတ်ဓာတ်ရှိကြပါတယ်။ Marvel’s Avengers ကစားသူတွေက PS5 မှာ ဂိမ်းကို ပိုကောင်းတဲ့ လုပ်ဆောင်ချက်နဲ့ ကစားတဲ့အခါ လွယ်ကူအောင် လုပ်ပေးလိုပါတယ်။ ဒါကြောင့်ပဲ Marvel’s Avengers ကို PS4 မှာ အခွေ ဒါမှမဟုတ် ဒီဂျစ်တယ်နဲ့ ဝယ်ထားရင် PS5 မှာလည်း ကစားနိုင်တယ်လို့ ပျော်ရွှင်စွာ ကြေညာပါရစေ။ PS5 ဂိမ်းဗားရှင်းမှာ အဆင့်မြှင့်တင်မှုကိုလည်း အခမဲ့ လုပ်ဆောင်နိုင်ပါတယ်” လို့ PlayStation ဘလော့မှာ ရေးသားထားပါတယ်။

စိုးထက်
Ref: CNET