PS5 နဲ့ Xbox Series X မှာလည်း ထွက်ရှိမယ့် Call of Duty: Warzone

နာမည်ကျော်ကြားနေတဲ့ Call of Duty: Warzone ဂိမ်းဟာ အသစ်ထွက်ရှိမယ့် PS5 နဲ့ Xbox Series X ဂိမ်းစက်တွေမှာလည်း ထွက်ရှိပါမယ်။ Warzone ဖန်တီးတဲ့ Infinity Ward အကြီးအကဲ Taylor Kurosaki က ဂိမ်းထောက်ပံ့မယ့် အစီအစဉ်ကို ကြေညာခဲ့ပြီး PlayStation 5 နဲ့ Xbox Series X တို့လည်း ပါဝင်တယ်လို့ GamerGen ကိုပြောခဲ့ပါတယ်။

“Warzone ဂိမ်းကို အသစ်ထွက်ရှိမယ့် ဂိမ်းစက်တွေမှာလည်း ထောက်ပံ့ပါမယ်။ ဂိမ်းစက်သစ်တွေ ထွက်တာနဲ့ ချက်ချင်း ထောက်ပံ့သွားပါမယ်” လို့ ပြောလိုက်ပါတယ်။ Infinity War ဟာ ဂိမ်းစက်သစ်တွေအတွက် Modern Warfare ဂိမ်းကိုလည်း ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။ Warzone နဲ့ Modern Warfare က universe တူညီပြီး နည်းပညာလည်း ဆင်ပါတယ်။ ဒါ့အပြင် Battle Pass အပြင် လက်နက်၊ item နဲ့ gear တွေလည်း တူပါတယ်။

PS5 နဲ့ Xbox Series X ဂိမ်းတွေကို ဒီနှစ်အားလပ်ရက်ရာသီအတွင်း ဖြန့်ချိရောင်းချမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်ရက် အတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။

စိုးထက်
Ref: GameSpot

မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်နော် . . .