
Sony ရဲ့ဂိမ်းဌာနခွဲကတော့ PlayStation 4 ခေတ် ပြီးဆုံးတော့ပေမယ့်လည်း အမြတ်ငွေများစွာ ဆက်လက်ရရှိခဲ့ပါတယ်။
ဇူလိုင်၊ စက်တင်ဘာလ သုံးလပတ်အတွင်း PlayStation နဲ့ပတ်သက်တဲ့ ဝင်ငွေ ယန်း ၅၀၇ ဘီလျံ (ဒေါ်လာ ၄.၉ ဘီလျံ) နဲ့ လုပ်ငန်းပြုလုပ်မှု အမြတ်ငွေ ယန်း ၁၀၅ ဘီလျံ (ဒေါ်လာ ၁ ဘီလျံ) ရရှိခဲ့ပြီး ပြီးခဲ့တဲ့တစ်နှစ်ကထက် ၅၂ နဲ့ ၄၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
Ghost of Tsushima is now PS4's fastest selling first-party original IP debut with more than 2.4 million units sold through globally in its first 3 days of sales.
Congratulations @SuckerPunchProd, and thank you to fans around the world for taking part in Jin's journey. pic.twitter.com/6aE4U7YZJH
— PlayStation (@PlayStation) July 24, 2020
Sony ကတော့ လာမယ့် ၂ ပတ်အတွင်း PlayStation 5 မိတ်ဆက်ဖို့ရှိတဲ့အတွက် ဂိမ်းစက်ထုတ်လုပ်မှုကြောင့် ဝင်ငွေထိခိုက်နိုင်မှု ရှိတတ်ပါတယ်။ ကုန်ကျစရိတ်တွေကြောင့် အမြတ်ငွေအပေါ် ထိခိုက်ခဲ့တယ်လို့ Sony ကပြောထားပြီး PS4 ရောင်းအားလည်း လျော့နည်းသွားတာကြောင့် ဝင်ငွေလျော့ခဲ့ပါတယ်။ ဒါပေမဲ့ ဂိမ်း software နဲ့ PlayStation Plus လစဉ်ကြေး ပေးသွင်းမှုတွေက ဖာထေးသွားနိုင်တယ်လို့ သိရပါတယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««