
Sony ကတော့ နိုဝင်ဘာ ၁၂ ရက်မှာ PlayStation 5 ဂိမ်းစက်ကို စတင်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘာဂိမ်းတွေ ထွက်မလဲ ဆိုတဲ့ မေးခွန်းရှိနေပါတယ်။ မကြာသေးခင်က Sony ဟာ God of War: Ragnarok, Final Fantasy 16 နဲ့ Horizon Forbidden West လိုမျိုး ဂိမ်းတွေကို မိတ်ဆက်ထားပါတယ်။ ဒါပေမဲ့ အဲဒီဂိမ်းတွေက ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ ထွက်လာပါမယ်။ နိုဝင်ဘာ ၁၂ ရက်မှာ ကစားနိုင်မယ့် ဂိမ်းတွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Demon’s Souls
Demon’s Souls ကတော့ Dark Souls မတိုင်ခင် ၂၀၀၉ က ထွက်ခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ PS5 အတွက် သီးသန့် remade အဖြစ် ပြန်လည် ထွက်ရှိလာပါတယ်။
Spider-Man: Miles Morales
Spider-Man: Miles Morales ကတော့ PlayStation 5 နဲ့ PlayStation 4 မှာပါ ထွက်မယ့် ဂိမ်းဖြစ်ပါတယ်။
Sackboy: A Big Adventure
Sackboy: A Big Adventure က LittleBigPlanet မှ ဟီးရိုးဇာတ်ကောင်ကို အသုံးပြုထားပါတယ်။ Sumo Digital ကထုတ်လုပ်တဲ့ ဂိမ်းဖြစ်ပြီး ချစ်စရာကောင်းပါတယ်။
Godfall
Godfall ဂိမ်းကိုတော့ Borderlands စီးရီးတွေ ထုတ်လုပ်တဲ့ Gearbox ကထုတ်လုပ်ပါတယ်။ အက်ရှင် RPG ဂိမ်းဖြစ်ပြီး အီလစ်နိုက်အဖွဲ့ရဲ့ နောက်ဆုံးအဖွဲ့ဝင်တစ်ဦး အဖြစ် ကစားရပါမယ်။
Astro’s Playroom
Astro’s Playroom ကတော့ PS5 ဂိမ်းစက်တိုင်းမှာ ပါလာမယ့် ဂိမ်းဖြစ်ပါတယ်။ PS5 ဂိမ်းက ဘယ်လောက်စွမ်းဆောင်နိုင်လဲဆိုတာ သရုပ်ပြသမယ့် ဂိမ်းဖြစ်ပါတယ်။
Assassin’s Creed Valhalla
Assassin’s Creed Valhalla ကတော့ ၈၇၃ အေဒီခုနှစ်ကို ခေါ်ဆောင်သွားပြီး ဗိုက်ကင်းတွေက အင်္ဂလန်နဲ့ ဥရောပကို စတင်နယ်ချဲ့တဲ့အချိန် ဖြစ်ပါတယ်။ အခြားဂိမ်းစက်တွေမှာ နိုဝင်ဘာ ၁၀ ရက်နေ့ ထွက်လာပါမယ်။ PlayStation 5 မှာတော့ နိုဝင်ဘာ ၁၂ ရက်မှာ ထွက်ရှိပါမယ်။
Devil May Cry 5: Special Edition
Devil May Cry V ကတော့ ၂၀၁၉ ခုနှစ်က ထွက်ထားတဲ့ အက်ရှင်ဂိမ်းဖြစ်ပြီး နည်းပညာပိုင်း အဆင့်မြှင့်တင်မှုပြုလုပ်ထားပါတယ်။ ဂိမ်းမှာ ray tracing ထောက်ပံ့မှု ပါဝင်ပြီး 120 frame နဲ့လည်း ကစားနိုင်ပါတယ်။ PS5 နဲ့ Xbox Series X မှာ ဒီဂျစ်တယ်နည်းလမ်းနဲ့ ထွက်လာပါမယ်။
Fortnite
နာမည်ကျော် Fortnite ကတော့ PS5 နဲ့ Xbox Series X အတွက်ထွက်ရှိပါတော့မယ်။ ဂိမ်းက မျိုးဆက်သစ် hardware အတွက် လာမယ့်နှစ်မှာ Unreal Engine 5 ကိုအသုံးပြုမယ်လို့ ကြေညာထားပါတယ်။
Observer: System Redux
Observer ကတော့ ၂၀၁၇ ခုနှစ်က ထွက်တဲ့ ကွန်ပျူတာဂိမ်းဖြစ်ပါတယ်။
Observer: System Redux ကတော့ PS5 နဲ့ Xbox Series X အတွက် ဖြန့်ချိမယ့် remaster ဗားရှင်း ဖြစ်ပါတယ်။
Call of Duty Black Ops: Cold War
Call of Duty Black Ops: Cold War ကတော့ နိုဝင်ဘာ ၁၃ ရက်မှာ PlayStation 5 အတွက်ထွက်ရှိပါမယ်။ တစ်ချိန်တည်းမှာပဲ PS4, Xbox one, Xbox Series X နဲ့ PC အတွက်ပါ ဖြန့်ချိပါမယ်။
-စိုးထက်
Ref: CNET
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««