PS5 ဈေးနှုန်း ပေါက်ကြား

Sony က PS5 ဂိမ်းစက် မိတ်ဆက်ပွဲအပြီး ပေါက်ကြားမှုနဲ့ ခန့်မှန်းမှုတွေ များစွာ ထွက်ပေါ်လာပါတယ်။ အခုအခါမှာတော့ PS5 ဈေးနှုန်း ပေါက်ကြားခဲ့တယ်။

နည်းပညာဆိုင်ရာ အချက်အလက်တွေ ဖော်ထုတ်ရေးသားတဲ့ ဘန်ဂတ်ကင်ဆိုသူက Amazon ပြင်သစ်ဝက်ဘ်ဆိုက်မှာ Sony PlayStation 5 ဈေးနှုန်းကို သွားတွေ့ပါတယ်။ PS5 ကို ယူရို ၄၉၉ နဲ့ ရောင်းချမှာဖြစ်ပြီး “Digtital Editiion” ကိုတော့ ၃၉၉ ယူရိုနဲ့ ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် PS5 ကို အမေရိကန်ဒေါ်လာ ၄၉၉ နဲ့ ၃၉၉ ဒေါ်လာနဲ့ ရောင်းချနိုင်ပါတယ်။ ဒါ့အပြင် Amazon ပြင်သစ်ဝက်ဘ်ဆိုက်မှာ ထွက်ရှိမယ့်ရက်ကို ၂၀၂၀ နိုဝင်ဘာ ၂၀ ရက်လို့ ရေးသားထားပါတယ်။

စိုးထက်
Ref: HyperBeast