PS5 ဈေးနှုန်း ပေါက်ကြားထွက်ပေါ်

စပိန်သတင်းဌာန Vandal က စပိန်လက်လီစတိုး El Corte Ingles အတွင်းကနေ PS5 ဂိမ်းစက် ဈေးနှုန်း ပေါက်ကြားထွက်ပေါ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ PS5 ဂိမ်းစက် ၂ မျိုးကို Enigma နဲ့ Aurea လို့ စာရင်းသွင်းထားပြီး ဒေါ်လာ ၄၉၉ နဲ့ ဒေါ်လာ ၃၉၉ နဲ့ရောင်းချမယ်လို့ သိရပါတယ်။ PS5 ပုံမှန်ဗားရှင်းနဲ့ drive မပါတဲ့ PS5 ဆိုပြီး ၂ မျိုး ထွက်ရှိနိုင်ပါတယ်။

Sony ရဲ့ PS5 ဈေးနှုန်းက Microsoft ရဲ့ Xbox Series X ဂိမ်းစက်နဲ့ တူပါတယ်။ ဒါ့အပြင် Microsoft ရဲ့ Xbox Series S ဂိမ်းစက်ကတော့ drive မပါတဲ့ PS5 ဂိမ်းစက်ထက် ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀ သက်သာနေပါတယ်။

-စိုးထက်
Ref: TomsGuide

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««