PS5 ဂိမ်းနဲ့ ဂိမ်းစက် ဓာတ်ပုံတွေ ထွက်ပေါ်

Sony ဟာ ဂျပန်စာနယ်ဇင်းသမားနဲ့ YouTuber တွေကို ဖိတ်ခေါ်ပြီး PlayStation 5 မိတ်ဆက်ပေးလိုက်ပါတယ်။ PS5 ထုတ်ကုန်ပုံကို ပေါက်ကြားမှု မဟုတ်ဘဲ hand-on ဓာတ်ပုံနဲ့ ဗီဒီယိုတွေအဖြစ် ပထမဆုံးအကြိမ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သတင်းဝက်ဘ်ဆိုက် အများစုက PS5 ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အသေးစိတ် ဖော်ပြနေကြပြီး astro’s Playroom နဲ့ Godfall ဂိမ်းတွေကို ကစားပြကြပါတယ်။

4gamer က PS5 ဂိမ်းစက် ဓာတ်ပုံကို အသေးစိတ်ဖော်ပြထားပြီး ဂိမ်းစက်ကို ဒေါင်လိုက်ထား ကစားနိုင်ပုံကိုလည်း လက်တွေ့ပြသခဲ့ပါတယ်။ တချို့ဓာတ်ပုံတွေကတော့ PS5 အအေးခံနိုင်ပုံကို ပြသခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««