PS4, Xbox One နဲ့ Switch မှာကစားနိုင်မယ့် Alto’s Adventure

Alto’s Adventure နဲ့ Alto’s Odyssey မိုဘိုင်းဂိမ်းတွေဟာ ဩဂုတ် ၁၃ ရက်မှာ The Alto Collection အမည်နဲ့ PS4, Xbox One နဲ့ the Epic Game Store မှာထွက်ရှိပါမယ်။ Nintendo Switch အတွက်လည်း မကြာမီ ထွက်လာပါမယ်။

အဲဒီဂိမ်းတွေက ၂၀၁၅ က iOS မှာ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း Android နဲ့ Linux မှာထွက်ခဲ့ပါတယ်။ Alto’s Adventure ဂိမ်းကတော့ အဆုံးမရှိပြေးလွှားရတဲ့ နှင်းလျှောစီးဂိမ်း ဖြစ်ပါတယ်။ Alto’s Adventure ဂိမ်းကို ဝေဖန်ရေးသူတွေနဲ့ ပရိသတ်တွေက ချီးကျူးနှစ်သက်ကြပါတယ်။

Alto’s Adventure အဆက် Alto’s Odyssey ကိုတော့ ၂၀၁၈ ခုနှစ်အတွင်း Android နဲ့ iOS၊ ၂၀၂၀မှာ macOS အတွက်ဖြန့်ချိခဲ့ပါတယ်။ ရှေ့ဂိမ်းလိုပဲ လျောစောက်နဲ့ အခြားအရာတွေ ရှောင်ကွင်းပြီး နှင်းလျှောစီးရပါတယ်။

ပလက်ဖောက်တစ်ခုစီမှာ The Alto Collection ကတော့ ဒေါ်လာ ၉.၉၉ ကျသင့်ပါမယ်။ ဩဂုတ် ၁၃ ရက်ကနေ ၂၀ အတွင်း Epic Games မှာအခမဲ့ ကစားနိုင်ပါတယ်။ iOS မှာတော့ ဂိမ်းတစ်ခုစီအတွက် ၄.၉၉ ဒေါ်လာ ကျသင့်ပါမယ်။ Mac မှာဆိုရင်တော့ ၉.၉၉ ဒေါ်လာဖြစ်ပါတယ်။ Android မှာတော့ အခမဲ့ ကစားနိုင်ပေမယ့် ကြော်ငြာပါဝင်လာပါတယ်။

-စိုးထက်
Ref: TheVerge