Programming ၿပိဳင္ပြဲက်င္းပမည္

တတိယအႀကိမ္ေျမာက္ Myanmar Collegiate Programming ၿပိဳင္ပြဲကို ရန္ကုန္ကြန္ပ်ဳတာတကၠ သိုလ္မွာ က်င္းပမယ္လို႔ သိရပါတယ္။

ၾသဂုတ္လ ၁၈ ရက္မွာက်င္းပမွာျဖစ္ေၾကာင္းသိရပါတယ္။ အေမရိကန္ႏိုင္ငံ Assocoation Of Computing Machinery (ACM) နည္းပညာဆိုင္ရာအဖြဲ႔အစည္းနဲ႔ အေမရိကန္ႏိုင္ငံအေျခစိုက္ Baylor University မွာအေျခစိုက္ထားတဲ့ ICPC အဖြဲ႔အစည္းတို႔ရဲ႕ နည္းပညာပိုင္းဆိုင္ရာ ပံ့ပိုးေပးမႈနဲ႔ က်င္းပတာျဖစ္ေၾကာင္း၊ အဲဒီ ACM-ICPC Programming Contest ၿပိဳင္ပြဲေတြကို ၂၀၁၆ ခုႏွစ္ကေန စတင္ၿပီး အိမ္ရွင္တကၠသိုလ္အျဖစ္ ႀကီးမွဴးကာ ႏိုင္ငံအဆင့္၊ ႏိုင္ငံတကာအဆင့္ ၿပိဳင္ပြဲေတြအျဖစ္ က်င္းပခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အခုႏွစ္မွာ ႏိုင္ငံတစ္ဝန္းရွိ ကြန္ပ်ဳတာတကၠသိုလ္၊ နည္းပညာတကၠသိုလ္ေတြ (၂၆) ခုမွ ေက်ာင္းသား၊ ေက်ာင္းသူအသင္းေပါင္း (၇၁) သင္းယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္း သိရပါတယ္။

အဲဒီကေန ျမန္မာႏိုင္ငံကိုယ္စားျပဳအသင္းေတြကို ေရြးခ်ယ္မွာျဖစ္ေၾကာင္း၊ ေရြးခ်ယ္ခံရတဲ့ႏိုင္ငံကိုယ္စားျပဳ အသင္းေတြအေနနဲ႔ ရန္ကုန္ကြန္ပ်ဴတာ တကၠသိုလ္မွဖိတ္ေခၚမယ့္ Asia Pacific and Indochina Peninsula Region အတြင္းရွိ စင္ကၤာပူ၊ ထိုင္ဝမ္၊ ကိုရီးယား၊ ဂ်ပန္၊ ထိုင္း၊ အင္ဒိုနီးရွား၊ ဗီယက္နမ္ စတဲ့ႏိုင္ငံေတြရဲ႕တကၠသိုလ္ေတြကေက်ာင္းသား၊ ေက်ာင္းသူအသင္းေတြနဲ႔ လာမယ့္ဒီဇင္ဘာမွာ က်င္းပမယ့္ 2018 ACM-ICPC Asia Yangon Regional Programming Contest မွာ ယွဥ္ၿပိဳင္ၾကမွာျဖစ္ ေၾကာင္းသိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

တတိယအကြိမ်မြောက် Myanmar Collegiate Programming ပြိုင်ပွဲကို ရန်ကုန်ကွန်ပျုတာတက္က သိုလ်မှာ ကျင်းပမယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၈ ရက်မှာကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံ Assocoation Of Computing Machinery (ACM) နည်းပညာဆိုင်ရာအဖွဲ့အစည်းနဲ့ အမေရိကန်နိုင်ငံအခြေစိုက် Baylor University မှာအခြေစိုက်ထားတဲ့ ICPC အဖွဲ့အစည်းတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုနဲ့ ကျင်းပတာဖြစ်ကြောင်း၊ အဲဒီ ACM-ICPC Programming Contest ပြိုင်ပွဲတွေကို ၂၀၁၆ ခုနှစ်ကနေ စတင်ပြီး အိမ်ရှင်တက္ကသိုလ်အဖြစ် ကြီးမှူးကာ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေအဖြစ် ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အခုနှစ်မှာ နိုင်ငံတစ်ဝန်းရှိ ကွန်ပျုတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေ (၂၆) ခုမှ ကျောင်းသား၊ ကျောင်းသူအသင်းပေါင်း (၇၁) သင်းယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အဲဒီကနေ မြန်မာနိုင်ငံကိုယ်စားပြုအသင်းတွေကို ရွေးချယ်မှာဖြစ်ကြောင်း၊ ရွေးချယ်ခံရတဲ့နိုင်ငံကိုယ်စားပြု အသင်းတွေအနေနဲ့ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှဖိတ်ခေါ်မယ့် Asia Pacific and Indochina Peninsula Region အတွင်းရှိ စင်င်္ကာပူ၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေရဲ့တက္ကသိုလ်တွေကကျောင်းသား၊ ကျောင်းသူအသင်းတွေနဲ့ လာမယ့်ဒီဇင်ဘာမှာ ကျင်းပမယ့် 2018 ACM-ICPC Asia Yangon Regional Programming Contest မှာ ယှဉ်ပြိုင်ကြမှာဖြစ် ကြောင်းသိရပါတယ်။

-ထွန်းထွန်း