Professional Video Camera Road Show 2019 ကို မန်းတွင်ပြုလုပ်မည်

TMW Enterprise Limited မှ အထက်မြန်မာပြည်ရှိ ဗီဒီယိုလုပ်ငန်းရှင်၊ ပညာရှင်၊ ၀ါသနာရှင်တွေအတွက် Sony ရဲ့ Professional Video Camera Road Show 2019 (Mandalay) ကို စက်တင်ဘာ ၂၄ ရက်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားကို စက်တင်ဘာ ၂၄ ရက်မှာ Hotel Mandalay ရှိ Ballroom မှာ ကျင်းပသွားမှာဖြစ်ပြီး ဆိုနီမှပညာရှင်များနဲ့ ပြင်ပ ပညာရှင်များရဲ့ ဟောပြောပွဲတွေကိုလည်း ထည့်သွင်းကျင်းပ သွားမှာဖြစ်သလို Sony ရဲ့ထုတ်ကုန်သစ်များ၊ အရောင်းရဆုံး ပစ္စည်းများအကြောင်းနဲ့ အထူးပရိုမိုးရှင်း အစီအစဉ်တွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း- ၀၉ ၄၄၄၄၅၀၈၃၀ ကို တိုက်ရိုက်ခေါ်ဆိ၍ဖြစ်စေ Chat Box သို့တက်ရောက်မယ့် ပုဂ္ဂိုလ်ရဲ့အမည်၊ လုပ်ငန်းအမည်နဲ့ ဖုုန်းနံပါတ်ကို ပေးပို့ထားခြင်းဖြင့် ဖြစ်စေ ကြိုတင် စာရင်းပေးသွင်းထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

-ကျော်ဇေယျ