Professional Diploma in International Business Administration အွန်လိုင်းသင်တန်း ဖွင့်လှစ်မည်

အင်တာနက်နဲ့ မိုဘိုင်းဖုန်းတစ်လုံး ရှိရုံနဲ့ အလွယ်တကူ လေ့လာသင်ကြားနိုင်မယ့် ABE Endorsed,UK မှ တိုက်ရိုက်ချီးမြှင့်မယ့် Professional Diploma in International Business Administration သင်တန်းကို အောက်တိုဘာ ၁၈ ရက်မှာ စတင်မှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ သင်ခန်းစာ ၁၂ ခု ပါဝင်မှာဖြစ်ပြီး Zoom (Face to Face)+ Google Classroom နဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ရက်မှာ စတင်သင်ကြားပေးမှာဖြစ်ပြီး သင်တန်းချိန်က နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းကာလ ၃ လ ကြာမြင့်မှာဖြစ်ပါတယ်။

သင်တန်း Registration Fee ၁၀,၀၀၀ ကျပ်နဲ့ Learning Material Fee ၂၉,၀၀၀ ကျပ်ကို ကျောင်းသားဘက်မှ ပေးသွင်းရမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးကြောင်း Certificate ရယူရန်အတွက်Certificate Fee ၃၀,၀၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ Abe Endorsed (UK) မှပေးအပ်ချီးမြှင့်တဲ့ Diploma ရရှိလိုသူတွေအနေနဲ့ Assignment fee နှစ်သိန်းကျပ် ပေးသွင်း၍ Assignment တင်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်ကို AYEYARWADDY Business School ဖုန်း – ၀၉၇၇၇၀၄၆၃၇၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««